ဆောက်သမ်းအိမ်ကွင်းကို ပရိသတ်တစ်သောင်းဆန့် ကွင်းအဖြစ် တည်ဆောက်မည်

ဆောက်သမ်းအိမ်ကွင်းကို ပရိသတ်တစ်သောင်းဆန့် ကွင်းအဖြစ် တည်ဆောက်မည်
ဆောက်သမ်းအိမ်ကွင်းအဖြစ်သုံးမည့် ကျောင်းသားကွင်း။

ရန်ကုန်၊ စက်တင်ဘာ ၁၁ ။          ။ မြန်မာနိုင်ငံတောင်ပိုင်း ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်ကလပ် ဆောက်သမ်းမြန်မာအသင်း အိမ်ကွင်းကို ပရိသတ်တစ်သောင်းဆန့်ကွင်းအဖြစ် ပြုပြင်မည်ဟု အသင်းစီအီးအို ဦးအောင်ကျော်မြင့် က ပြောသည်။ ဆောက်သမ်းမြန်မာအသင်း အိမ်ကွင်းအဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျောင်းသားကွင်းကို အသုံးပြုမည်ဖြစ်ပြီး ၂၀၁၆ ဘောလုံးရာသီတွင် စတင် အသုံးပြုနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်။

“အိမ်ကွင်းက မြက်ခင်းပြင်ဆင်မှုအားလုံး လုပ်ပြီးသွားပါပြီ။ ပွဲကြည့်စင် တည်ဆောက်ဖို့ပဲ လိုပါတော့တယ်။ လက်ရှိပွဲကြည့်စင်ကိုပဲ ပြုပြင်မွမ်းမံမှာပါ။ ပရိသတ် တစ်သောင်းဆန့်ကွင်း အဖြစ်ဆောက်လုပ် ပါမယ်။ နောက်နှစ်မှာ အိမ်ကွင်းကျင်းပမှာဆိုတော့ အသင်းကိုလည်း နိုင်ငံခြားသား ကစားသမားတွေ အားဖြည့်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ဦးအောင်ကျော်မြင့် ကပြောသည်။

ဆောက်သမ်းမြန်မာအသင်းမှာ ၂၀၁၄ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်မှ မြန်မာ နေရှင်နယ်လိဂ်-၂ သို့ တန်းဆင်းခဲ့ရသော်လည်း လိဂ်-၂ ချန်ပီယံဖြစ်ကာ တစ်ရာသီအတွင်း တန်းပြန် တက်နိုင်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly