မက္ကာဗလီတွင် ကရိန်းပြိုကျ၍ လူ ၁၀၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၂၀၀ ကျော်ရှိ

မက္ကာဗလီတွင် ကရိန်းပြိုကျ၍ လူ ၁၀၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၂၀၀ ကျော်ရှိ

ဆော်ဒီအာရေဗျနိုင်ရှိ မွတ်စလင်များအထွဋ်အမြတ်ထားရာ မက္ကာမြို့တွင် ကရိန်းပြိုကျမှုဖြစ်၍ သေဆုံးသူ ၁၀၇ ဦးရှိပြီး ၂၃၀ ကျော်ထက်မနည်း ဒဏ်ရာရရှိသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် ဂရန်းဗလီတွင် ဝတ်ပြုဆုတောင်းသူများဖြင့် အပြည့်ရှိနေစဉ် ဝန်ချီကရိန်းစက်ကြီး ပြိုကျမှုဖြစ်ပွားခြင်းဖြစ်သည်။

မိုးများပြီး လေပြင်းများဒဏ်ကြောင့် ကရိန်းပြိုကျခြင်းဖြစ်သည်ဟု ဆော်ဒီအာရေဗျ ပြည်သူ့ကာကွယ်ရေး အကြီးအကဲက ပြောသည်။

မက္ကာတွင် လက်ရှိကာလမှာ နှစ်စဉ် မွတ်စလင်ဟာ့ချ်ဝတ်ပြုခရီးအတွက် ပြင်ဆင်လျက်ရှိနေခြင်းဖြစ်သည်။

ထိုဟာ့ချ်ခရီးထွက်ခြင်းဖြင့် ယခုလနှောင်းပိုင်းတွင် ကမ္ဘာအရပ်ရပ်မှ မက္ကာမြို့သို့ လာရောက်ကြမည့် မွတ်စလင်များမှာ ထောင်ပေါင်းများစွာရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ယခုကရိန်းပြိုကျမှုသည် စက်တင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၃ မိနစ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ပြိုကျချိန်တွင် ဗလီတွင်း သောကြာနေ့ ဝတ်ပြုဆုတောင်း သူများဖြင့် ပြည့်နှက်လျက် ရှိချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေ တိုးလာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအာဏာပိုင်အဖွဲ့က တွစ်တာတွင် ရေးသားထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly