ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပတ်သက်သည့်ပြောစကားအတွက် ပြန်တောင်းပန်ရန်ပီကေးငြင်းဆန်

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပတ်သက်သည့်ပြောစကားအတွက် ပြန်တောင်းပန်ရန်ပီကေးငြင်းဆန်

စက်တင်ဘာ ၁၁၊ ဘာစီလိုနာ ။            ။ ရီးယဲလ်မက်ဒရစ်အသင်းနှင့်ပတ်သက်ပြီးပြောစကားအတွက် စပိန်ပရိသတ်များ၏လှောင်ပြောင်းခြင်းခံနေရသည့် ပီကေးကပြန်တောင်းပန်သွားမည် မဟုတ်သော်လည်း နိုင်ငံအသင်းအတွက် ရာနှုန်းပြည့်ဆက်လက်ပေးဆပ်သွားဦးမည်ဟု ပြောသည်။

စပိန်အသင်း၏အိမ်ကွင်းနောက်ဆုံးပွဲစဉ်နှစ်ပွဲတွင် ပရိသတ်များ၏လှောင်ပြောင်းခြင်းကို ပီကေးခံခဲ့ရခြင်းက စပိန်ဘောလုံးအဖွဲ့ချုပ်အတွက် နိုဝင်ဘာတွင်ဘာနေဗျူးကွင်း၌ အင်္ဂလန်နှင့်ကစားမည့်ခြေစမ်းပွဲကို အလီကန်တီသို့ပြောင်းရွှေ့ကစားစေရန် ဖိအားတစ်ရပ်ဖြစ်စေခဲ့သည်။

၎င်း၏ပြောစကားနှင့်ပတ်သက်ပြီးပီကေးက "ဘာစီလိုနာရဲ့ပြိုင်ဘက်က ရီးယဲလ်မက်ဒရစ်ဆိုတဲ့စကားကိုကျွန်တော်ပြန်ပြောင်းမှာမဟုတ်ဘူး။ အမြဲတမ်းဒီအတိုင်းပါပဲ။ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် တို့ဟာ ပြင်းထန်တဲ့ပြိုင်ဘက်တွေဖြစ်ပြီး အထူးသဖြင့်တစ်သင်းကကောင်းနေပြီး တစ်သင်းကညံ့နေချိန်မှာ ပိုပြင်းထန်တတ်တယ်။

ရီးယဲလ်မက်ဒရစ်အသင်းညံ့သထက်ညံ့စေဖို့ မျှော်လင့်ကြတာပေါ့။ ကျွန်တော့်ကိုလှောင် ပြောင်ကြတာမလိုလားပေမယ့် အဲဒါက ကျွန်တော့် ကိုပြောင်းလဲစေမှာမဟုတ်ပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်း ကိုအမြဲတမ်းရှုံးစေချင်တယ်။ အဲဒါဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူး"ဟု ပြောသည်။

ဘာစီလိုနာအသင်းဖလားသုံးလုံးရရှိမှုနှင့်ပတ်သက်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကိုလှောင်ပြောင်ခဲ့သည့်ပီကေးက ယင်းသို့ဆက်လက်သွားဦး မည်ဟုပြောသည်။

"ဘာကိုမှနောင်တရနေမှာမဟုတ်ဘူး။ အချိန်ထောင်ပေါင်းများစွာထပ်လုပ်ဦးမှာပဲ။ ပြောင်းလဲသွားဖို့ မမျှော်လင့်ကြနဲ့"ဟု ပီကေးကပြောသည်။

Ref; mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly