လူ့သမိုင်းအစကို ပြောင်းလဲပစ်နိုင်သည့် လူမျိုးနွယ်တူ မျိုးစိတ်သစ် အာဖရိကတွင် တွေ့ရှိ

လူ့သမိုင်းအစကို ပြောင်းလဲပစ်နိုင်သည့် လူမျိုးနွယ်တူ မျိုးစိတ်သစ် အာဖရိကတွင် တွေ့ရှိ

တောင်အာဖရိကနိုင်ငံတွင် ဂူလိုဏ်ခေါင်းတစ်ခုအတွင်း လူသားမျိုးနွယ်နှင့် ဆင်တူသည့် မျိုးစိတ်သစ်တစ်မျိုး၏ ရုပ်ကြွင်းကို သိပ္ပံပညာရှင်များက ရှာဖွေဖော်ထုတ် တွေ့ရှိခဲ့သည်။

ရုပ်ကြွင်းအရိုးစုပေါင်း ၁၅ ခုကို ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး အာဖရိကတွင် ယင်းသို့ ရုပ်ကြွင်းတူးဖော်မှုတွင် တစ်ချီတည်းဖြင့် ရုပ်ကြွင်းများစွာကို ပထမဆုံးတွေ့ရှိခြင်းလည်းဖြစ်သည်။

ယခုရုပ်ကြွင်းများက လူသားမျိုးနွယ်ဆင်းသက်လာရာ မျိုးစိတ်နှင့် ပတ်သက်ပြီး အတွေးအခေါ်များ ပြောင်းလဲမှုကို ဖြစ်လာစေနိုင်သည်ဟု သုတေသနပညာရှင်များက အခိုင်အမာပြောဆိုသည်။

တွေ့ရှိရုပ်ကြွင်းစု၏ မျိုးစိတ်ကို naledi ဟု အမည်ပေးထားပြီး လက်ရှိလူသားတို့တွင် ပါရှိသည့် မျိုးနွယ်စုနှင့် မျိုးတူစု လက္ခဏာရပ်များလည်း ယင်းမျိုးစိတ်တွင် ပါဝင်နေသည်ကို တွေ့ရှိရသည်။

 ရုပ်ကြွင်းစုအား တွေ့ရှိသည့် သုတေသနအဖွဲ့အနေဖြင့် ယင်းရုပ်ကြွင်းမျိုးစိတ်တို့က မည်သည့်အချိန်ကာလဆီက ရှင်သန်ခဲ့သည်ကို မခန့်မှန်းနိုင်သေးဘဲရှိသ့ည်။ သို့သော် သုတေသနအဖွဲ့အား ဦးဆောင်သူ ပါမောက္ခ လီးဘာဂါက ၎င်းတို့က လူသားမျိုးနွယ်အစ မျိုးစိတ်များတွင် ပါဝင်ပြီး အာဖရိကတွင် လွန်ခဲ့သော နှစ် သုံးသန်းကျော်က ရှင်သန်ပေါက်ဖွားခဲ့သည့် မျိုးစိတ်ဖြစ်မည်ဟု ယုံကြည်ကြောင်း ဘီဘီစီ သို့ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly