အသက်လု ပြေးလာသည့် ဒုက္ခသည်များ လက်ခံရန်မှာ ပိုလန်၏ တာဝန်ဟု ပိုလန် ဝန်ကြီးချုပ် ပြောကြား

အသက်လု ပြေးလာသည့် ဒုက္ခသည်များ လက်ခံရန်မှာ ပိုလန်၏ တာဝန်ဟု ပိုလန် ဝန်ကြီးချုပ် ပြောကြား
ဓာတ်ပုံ - Google Image

ပိုလန်နိုင်ငံသည်  စီးပွားရေးအရ ရွှေ့ပြောင်းအခြေချလာသူများကို လက်ခံရန် မတတ်နိုင် သော်လည်း စစ်ဘေးမှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို လက်ခံရန်မှာမူ အလယ်ဥရောပမှ အကြီးမားဆုံး စီးပွားရေးနိုင်ငံကြီး၏ တာဝန်ပင်ဖြစ်သည်ဟု ပိုလန်ဝန်ကြီးချုပ် အီဝါကိုပက်ဇ်က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။

“အသက်လုထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းအခြေချတွေကို ကယ်တင်ဖို့က ကျွန်မတို့ရဲ့ တာဝန် ပါ”ဟု ကိုပက်ဇ်က ပိုလန်တောင်ပိုင်းမြို့ ခရိုင်နီကာ ဒရော့တွင် ကျင်းပခဲ့သည့် စီးပွားရေး ဖိုရမ်တစ်ခုအတွင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အကယ်၍ ဒွန်ဘက်တွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာပါက ယူကရိန်းမှ ဒုက္ခသည်များ ပိုမို ဝင်ရောက်လာနိုင်သည့် အခြေအနေကို ရင်ဆိုင်နေရသော်လည်း ပိုလန်မှာ ကျန်ဥရောပ နိုင်ငံများနှင့် အတူဒုက္ခသည် များအတွက် တာဝန်မျှယူသင့်ကြောင်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly