ဂျပန်နိုင်ငံအလယ်ပိုင်း ရေကြီးမှု လူ ၉၀၀၀၀ နေရပ် စွန့်ခွာရ

ဂျပန်နိုင်ငံအလယ်ပိုင်း ရေကြီးမှု လူ ၉၀၀၀၀ နေရပ် စွန့်ခွာရ

တိုကျို၊ စက်တင်ဘာ - ၁၀ ။            ။ ဂျပန်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်များရေလျှံကာ မြေပြိုမှုများဖြစ်ပွားခဲ့သောကြောင့် သောင်းနှင့်ချီသည့်လူများကို နေအိမ်များကို စွန့်ခွာကြရန် အာဏာပိုင်များက စက်တင်ဘာ ၉ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပြီး ရွှံ့ပြိုပြီး အိမ်များကို ဖုံးလွှမ်းသွားခဲ့ရာတွင် လူတစ်ဦးမှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

ဂျပန်မိုးလေဝသအေဂျင်စီက တိုကျို၏ မြောက်ဘက် တိုချီဂီနှင့် အီဘာရာကီစီရင်စုများအတွက် ထူးကဲမိုးရွာသွန်းမှု သတိပေးချက်များ ထုတ်ပြန်ထားပြီး ရွှွံ့ပြို၊ ရေကြီးမှုများလည်း ဖြစ်ပေါ်နိုင်သောကြောင့် နိုးနိုးကြားကြားရှိကြရန်လည်း သတိပေးထားသည်။

အရင်က မကြုံဖူးတဲ့ပမာဏနဲ့ မိုးရွာနေတာပါ။ အန္တရာယ်ကြီးက ကျအံ့ဆဲဆဲ အခြေအနေပါဟု မိုးလေဝသပညာရှင် တူကူရာ ဒေရှီမာရုက အရေးပေါ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။   
တနင်္လာနေ့ ညနေပိုင်းမှစတင်ရျ် မိုးရေချိန် ၆၀စင်တီမီတာနီးပါးအထိ ရွာသွန်းခဲ့သောကြောင့် တိုချီဂီအလယ် အစိတ်အပိုင်းများမှာ ရေကြီးနေသည်။

တိုချီဂီ အာဏာပိုင်များက ဌာနေ ၉၀၀၀၀ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ထားပြီး နောက်ထပ် ၈၀၀၀၀ကိုလည်း နေအိမ်များကို စွန့်ခွာကြရန် အကြံပြုထားသည်ဟု အစိုးရရုပ်သံဌာန NHKက ပြောကြားခဲ့သည်။

အီဘာရာကီကိုလည်း ဖြတ်စီးသွားသည့် ကင်နုဂါဝါမြစ်မှာ စက်တင်ဘာ ၁၀ရက်နေ့ အစောပိုင်းကပင် ရေလျှံသွားခဲ့သည်ဟု တိုချီဂီ မိုးလေဝသစောင့်ကြည့်လေ့လာရေးဌာနက ပြောကြားခဲ့သည်။ တိုချီဂီ၏ ကာနုမာမြို့တွင်မူ ကယ်ဆယ်ရေးဝန်ထမ်းများက ရွှံ့ပြိုဖုံးလွှမ်းနစ်မြုပ်သွားသည်ဟု ယူဆရသည့် ပျောက်ဆုံးနေသူတစ်ဦးကို ရှာဖွေလျှက်ရှိသည်ဟု ဒေသအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဒီလူ ဘယ်သူလဲဆိုတာကို အခုထမသိရေးသေးပါဘူးဟု အဆိုပါအရာရှိက ပြောကြားခဲ့ပြီး NHK သတင်းဌာနကမူ ပျောက်ဆုံးနေသူမှာ ရွှံ့ပြိုပြီး အိမ်အပျက်အစီးများအောက်တွင် နစ်မြှုပ်သွားခဲ့သည့် အသက်၆၀တွင်း အမျိုးသမီးတစ်ယောက်ဖြစ်သည်ဟု ပြောကြားသည်။ သူမ၏ ခင်ပွန်းသည်ကိုမူ မြေပြီးနောက်မကြာမီတွင် ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly