ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်တွေ့ဆုံခြင်း

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်တွေ့ဆုံခြင်း

အပိုင်း ၅ နောက်ဆုံးအပိုင်း

၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံခြင်း (အပိုင်း - ၅)

မေး ။    ။ ကျွန်တော် နှစ်ခုပဲ နောက်ဆုံးမေးချင်တာပါ။ တစ်ခုက ၂၀၁၅ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ အပြည့်အ၀ ဖြစ်ဖို့ မျှော်မှန်းပါသလား။ နောက်တစ်ခုကတော့ ၂၀၁၅ အလွန်ပေါ့ ဥက္ကဋ္ဌ အနေနဲ့ ၂၀၂၀ မှာရော ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ အနေနဲ့ တာဝန်ယူဖို့ အစီအစဉ်ရှိပါသေးလား။ တာဝန်ယူချင်ပါသေးလားပေါ့ ခင်ဗျ။

ဖြေ ။    ။ ကျွန်တော့ဘက်ကတော့ လွတ်လပ်ပြီးတရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ကျွန်တော်လည်း ခံယူထားပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ကိုယ့်သမိုင်းကိုယ်ရေးနေ ကြတာပဲ။ ကျွန်တော့် သမိုင်းလည်း တခါမှာ မညစ်နွမ်းခဲ့ပါဘူး။ ကျွန်တော်လည်း နေဝင်ချိန်ရောက်နေပါပြီ။ ကျွန်တော့်သမိုင်းကိုလည်း အမဲစက်ကြီး နဲ့ မှတ်တမ်းမတင်ခဲ့ချင်ပါဘူး။ ကျွန်တော့်ဘက်ကတော့ လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲကြီး ဖြစ်ကိုဖြစ်ရမယ်လို့ ဒီလိုပဲခံယူပါတယ်။ အဲတော့ လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲကြီး ဖြစ်တယ်မဖြစ်ဘူး ဆိုတာ တိုင်းတာတဲ့လူတွေပေါ်မှာလဲ မူတည်နေတယ်။

ဆိုကြပါစို့ ထင်သာမြင်သာတာလေးတစ်ခု ပြောပြပါ့မယ်။ ရွေးကောက်ပွဲမှာ မဲရုံမှူးကို ဝန်ထမ်းထားရင်း bias ဖြစ်တယ်။ ဘာလို့ဝန်ထမ်းထားတာလဲလို့ ပြောတော့ ကျွန်တော်ပြော ပါတယ် ဥပဒေက ဝန်ထမ်းခန့်ရမယ်လို့ ထားတဲ့အတွက်ကြောင့် ဥပဒေအရ ထားရပါတယ်လို့ ကျွန်တော်ပြောတယ်။ ကျွန်တော့်ကိုလည်း ညီတယ် မညီဘူးဆိုတာ  ဥပဒေကိုသိပြီးတော့ ဥပဒေနဲ့တိုင်းတာပြီးတော့ fair ဖြစ်တယ်မဖြစ်ဘူးဘဲ ကျွန်တော်က ဒါကို ပြောချင်ပါတယ်။ ဒါကြောင့် ခင်ဗျားနဲ့ ကျွန်တော် စကားပြောတိုင်းလဲ  ဥပဒေနဲ့ ပြောပြတယ်။

မဲစာရင်းတွေ အမှားတွေပဲ ဖြစ်နေတဲ့အတွက်ကြောင့် မဲနဲ့ညစ်မယ်လို့ ပြောတယ် ကျွန်တော်က ဥပဒေနဲ့ဘဲ ပြောပြတယ်။ ၅၀ (ဂ) မှာ ဆိုထားပါတယ်။ မဲစာရင်းမှားသည့်တိုင်အောင် လည်း မှန်ကြောင်းကို သက်သေခံမယ့် သူရှိလျှင် မဲပေးခွင့်ရပါတယ်။ ကျွန်တော်က ဥပဒေနဲ့ပဲ စကားပြောတယ်။ မဲစာရင်းမှားတဲ့အတွက်ကြောင့် လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲ ကြီး မပာုတ်ဘူး ဆိုရင်တော့ ဒါကတော့ မပာုတ်ဘူးလေ။ မဲစာရင်းမှား သည့် တိုင်အောင် ဒီလူကြီးက ဦးတင်အေးပါပြောနိုင်ရင် ဦးမောင်မောင်ဖြစ်နေရင်လည်း မောင်မောင်ဆိုတဲ့ နာမည်ကိုဖျက်၊ တင်အေးဆိုတဲ့နာမည်ကိုဖြည့်ပြီးတော့ မဲပေးခွင့်ပြုရမှာပဲ။

မပြုဘူးဆိုရင်တော့ မှန်တယ်။ မပြုဘူးဆိုရင် ချက်ချင်း ရွေးကောက်ပွဲကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်တွေက ကန့်ကွက်ရမှာပဲ။ အဲတော့ ကျွန်တော်ဆိုလိုခြင်တာက လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဥပဒေနဲ့တိုင်းပါ။ အဲဒီပေါ်မှာဘဲ ကျွန်တော်တို့ မှတ်ချက်ပြုပါ။ ကျွန်တော် observer ခေါ်တာ ဒါပဲ။ observer ခေါ်တာမင်းတို့ပြောချင် ရာပြော positive ဖြစ်ဖြစ်၊ negative ဖြစ်ဖြစ်၊ bias တွေ အများကြီးရှိနိုင်တယ်။ international observer ကတော့ neutral ဖြစ်လိမ့်မယ်။ ပြီးရင်း သူရဲ့report တွေကို ဖတ်မယ်။
သူရဲ့အကြံပြုချက်တွေ ဖတ်မယ်။ မြန်မာမှုပြုသင့်တာတွေလုပ်မယ်။ ထို့တူပဲ ပြည်တွင်း observer တွေ ကျွန်တော် ဒါပြောတယ်။ ဘယ်လောက်ထိ ကျွန်တော်ပြောခဲ့လဲဆိုရင်၊ ငါတကယ့် တကယ်တော့ international observer ကို ငါခေါ်ကို မခေါ်ချင်ဘူး။ ပြည်တွင်းရဲ့ဟာကိုပဲ ငါအလေးထားတယ်။ သို့သော်လည်း ပြည်တွင်းမှာ အဲလောက် မင်းတို့ သမာသမတ် မကျသေးဘူး။

သမာသမတ်ကျပြီးတော့ အားထားနိုင်လောက်တဲ့ CSO  ဖြစ်အောင် ကြိုးစားကြလို့ ပြောခဲ့တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲက ကျနော်ကို တိုင်းတာကြမယ် ဆိုရင်တော့ ဥပဒေနဲ့တိုင်း တာပါ။ ဗိုလ်ချုပ်ကြီးပောာင်းတို့၊ ကြံ့ခိုင်ရေးပောာင်းတို့နဲ့ မတိုင်းတာပါနဲ့။ ကျွန်တော်လုပ်ရပ်က ဥပဒေနဲ့ ညီလား မညီလား ပြောသည့်တိုင်အောင်ဘဲ အပြောကတော့ ဝဇီကံကတော့ မှားတတ်ပါတယ်။ ကာယ၊ ဝဇီ၊ မနော ဒါတွေနဲ့ ကျတော့်ကို တိုင်းတာကြပါ။

ကျွန်တော့်ဘက်ကတော့ လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲ ဖြစ်ကိုဖြစ်ရမယ်။ ကျွန်တော်ကိုယ်တိုင်ကလဲ ဖြစ်အောင်လုပ်တယ်။ ကျွန်တော့် ဝန်ထမ်းတွေကိုလည်း မင်းတို့ဒီအတိုင်း လုပ်၊ ဘယ်သူ့ pressure မှ မကြောက်နဲ့။ တွေ့တိုင်း ဒါပဲပြောတယ်။ မင်းတို့ မျက်နှာမူနေရမှာက ဥပဒေပဲ။ ဒါကိုလာလာပြောရင် အဲဒီဥပဒေက ဒီလိုဆိုထားတယ်၊ ဒါကြောင့်ရတယ်။ ဥပဒေက ဒီလိုဆိုထားတယ် မရဘူး။

ဘယ် pressure မှ မကြောက်နဲ့။ ကျွန်တော် ဒီလိုဘဲ ပြောထားတယ်။ ကျွန်တော့်ကို တိုင်းတာရင်လည်း ဥပဒေနဲ့အညီ တိုင်းတာပါ။ ဥပဒေနဲ့ ဆုံးဖြတ်ပါ။ ဘာကြောင့်လဲဆိုတော့ win-win situation မရပါဘူး။ win-win situation မရတဲ့အခါ ကျတော့ ရွေးကောက်ပွဲ အနိုင်အရှုံးတော့ ရှိတာပဲ။ အဲတော့ နိုင်တဲ့သူက ကောင်းတယ် ပြောကြမယ်။

ရှုံးတဲ့သူက မကောင်းဘူးလို့ ပြောကြမှာပဲ။ ဒါကြောင့် ကျနော်ကတော့ ဥပဒေနဲ့ဘဲ တိုင်းပါလို့ ပြောချင်ပါတယ်။ ပြောကြေးဆိုရင်တော့ ဖြစ်နိုင်ရင်တောင် ဒီရွေးကောက်ပွဲတောင်လုပ်ပေး ချင်တာမဟုတ်ဘူး။ အကြိမ်ကြိမ် နားယူမယ်လို့ပြောခဲ့ပါတယ်။ ကျွန်တော်က လူတမျိုးပါ။ မှားရင်လည်း ဝန်ခံပါတယ်။ မှန်ရင်လည်း ကျွန်တော်က ကိုယ့်က ပြန်ပြောချင်တယ်ပေါ့။
ပြန်မပြောရတဲ့အခါကျတော့ မျိုသိပ်ထားရတော့ ဒါ Stress တွေများပါတယ်။ ကိုယ်ကလည်း မှန်တာလည်းလုပ်သေးတယ်၊ အကောင်းအထင်မခံရတဲ့အခါကျတော့ မလုပ်တာမှ ကောင်းသေး တယ်လေ။ ကိုယ်က ကောင်းတာလည်း လုပ်ရသေးတယ်။ အလကားနေရင်း မတရား တချို့ပာာတွေက တော်တော်ကို ပုဂ္ဂိုလ်ရေးပြောတဲ့အခါကျတော့ ကျွန်တော် တော်တော်မခံနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်က မလုပ်ချင်ဘူး။

သို့သော်လည်းပဲ ဒီလုပ်ငန်းကြီးကိုတော့ ကျွန်တော် မြတ်နိုးတယ်။ ကျွန်တော် ၄၈နှစ် တပ်ထဲမှာ နေခဲ့တယ်။ အဲဒီနဲ့အမျှ ကျွန်တော် ဒီလုပ်ငန်းကြီးကို တန်ဖိုးထားတယ်။ မြတ်လည်း မြတ်နိုးတယ်။ ဒီလုပ်ငန်းကြီးက ဘာကြောင့်လဲဆိုတော့ ကော်မရှင်မှာ ထူးခြားချက်တွေရှိတယ်။ ရွေးကောက်ပွဲတွေ ကျင်းပပေးရတာမျိုး၊ ပါတီတွေဖွဲ့စည်းရတယ်၊ ပါတီတွေကို ထိန်းသိမ်းရတယ်။ အဲဒါကလည်း အရေးကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ ယနေ့ပါတီတွေက အရေးကြီးတယ်။

ယနေ့ ဦးသိန်းစိန်အစိုးရကို လွဲှတယ်ဆိုတာ ဦးသိန်းစိန်ကို လွှဲတာ မဟုတ်ဘူး။ ကြံ့ခိုင်ရေးပါတီကိုလွှဲတာ။ အာဏာရပါတီကို လွှဲတာ။ အာဏာပါတီညီညွှတ်ရေးလုပ်နိုင်မှ တိုင်းပြည် တိုးတက်မယ်။ အာဏာရပါတီက ကွဲနေလို့မရဘူး။ ထို့အတူပဲ ရှုံးတဲ့ပါတီက အတိုက်ခံပါတီ။ နင်ဖြူရင် ငါမဲမယ် လုပ်လို့ မရဘူး။ သူရဲ့ သဘောတရားကြေညာချက်ရှိတယ်။ ကျွန်တော် နိုင်ငံတော်ကြီးကို ဘယ်လို တိုးတက်အောင်လုပ်မယ်ဆိုတာ။ ပူပေါင်းဆောင်ရွက်ရမယ်။ သူသွေဖယ်နေရင် ထောက်ပြရမယ်။ မှန်ကန်သော အတိုက်ခံပါတီပဲ။

ပါတီတွေက သိပ်အရေးကြီးတယ်။ အခုပါတီတွေက နိုင်ငံတော်ကို ဘယ်လိုတည်ဆောက် မယ်ဆိုတာ လုံလောက်သော အဖြေမထွက်ဘူး။ သူလုပ်တယ် သူကဖျက်မျဉ်းလုပ်တယ်။ ဘယ်လို တိုးတက်နိုင်မလဲ။ အဲဒီပါတီထိန်းတာ ကျွန်တော်ပဲ။ ပါတီများကို ဥပဒေနဲ့အညီဆောင်ရွက်ရန် ကြီးကြပ်ရမယ်။ ဖွဲ့စည်းပုံအခြေခံက ပေးထားတာ။ ဒီတာဝန်ကို ထမ်းဆောင်ရ ကိုလည်း ကျွန်တော် သဘောကျတယ်။ ကျန်တာကတော့ အဓိကကျတာကတော့ အခုနကပြောတဲ့ ရွေးကောက်ပွဲပြီးရင် အငြင်းပွားမှု ဖြေရှင်းရတာ ပါဘဲ။

အဲတော့ ဒီနှစ်ချက်က တော်တော် အရေးကြီးနေတယ်။ လူထုကိုယ်စားလှယ်ရွေးပေးရတဲ့တာဝန်ကိုလည်း ကျွန်တော်ထမ်းဆောင်ရတယ်။ နိုင်ငံတော်ကြီးကို တိုးတက်အောင်လုပ်ရတဲ့ ပါတီတွေ၊လူထုကြားထဲ့မှာရှိနေတဲ့ ပါတီတွေ။ ဒီပါတီတွေကို ကျွန်တော်က ဖွဲ့စည်းရတယ်။ ဒီပါတီတွေကို ကြီးကြပ်ရတယ်။ အကယ်၍သာ ကျွန်တော်ပြောခဲ့ဘူးတယ် ၂၀၁၁ ဇွန်လိုင်လ ထဲမှာ ပါတီ ၃၇ ပါတီတွေ့ပြီးတော့၊ တချို့နိုင်တဲ့ပါတီ ၁၇ ပါတီ ရှိတယ်။ လွှတ်တော်ထဲရောက်သွားပြီ။ လွှတ်တော်ထဲ မရောက်တဲ့ ကျန်တဲ့ပါတီက လွှတ်တော်ပြင်ပကနေ ကျွန်တော်နဲ့ ခင်ဗျားတို့ နိုင်ငံတော်ကြီး ဖွံဖြိုးတိုးတက်အောင် လုပ်ကြရအောင်လို့ အဲကတည်းက ကျွန်တော် လက်ကမ်းခဲ့တယ်။ အဲကတည်းက ကျွန်တော့်ကို ဝိုင်းတွယ်တာ။
ရွေးကောက်ပွဲကော်မရှင်ဆိုတာ ပါတီအထက်မှာ မရှိသင့်ဘူး။ ကျွန်တော် ဒေါပွပြီးတော့ ဘယ်လောက်အထိ ပြောရလည်းဆိုတော့ ခင်ဗျားတို့အထက်မှာ ကျွန်တော်က ရှိချင်လို့ရှိတာ မပာုတ်ဘူး။ ခင်ဗျားတို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှိတာ။ ခင်ဗျားတို့ကို ကျွန်တော်ဖွဲ့ပေးထားတာ။ ခင်ဗျားတို့ကို ကြီးကြပ်ဖို့ ကျွန်တော့ကို တာဝန်ပေးထားတာ။ အဲဒီကတည်းက ကျွန်တော်စိတ်ပျက်သွားတာ။ ပါတီနဲ့တင် ကျွန်တော် ၂၀၁၁ ကတည်းက ကျွန်တော်ဖြစ်တာ။

ကျွန်တော်က အပေးအယူအပေးအယူ လုပ်ပြီးတော့ ဆွဲခေါ်ပါတယ်။ ပါတီတွေက ကျွန်တော်မျှော်မှန်းတဲ့ပာာ မရောက်ဘူး။ ယနေ့ ပြောနေကြတာဘဲ ကြည့်လေ။ တကယ့်ကို ဗဟိုကော်မတီဝင်ဆိုတဲ့အကောင်တွေ ပြောနေတာပဲ။ ပာုတ်လား။ မဲစာရင်းတွေမှားနေတာကို ရွေးကောက်ပွဲညစ်မယ်ဆိုတဲ့နောက်ကတော့ ဘယ်လိုလုပ်ရတော့ရမလဲ။
မဲစာရင်းမှန်အောင် ငါတို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲ။ ဒီလိုလာရမှာပေါ့။ ပာုတ်တယ်မလား။ CSO တွေကျတော့ တော်တော်ကို တော်လာတယ်။ ကလေးတွေက ကျွန်တော် ချီးကျူးပါတယ်။

ဒီလုပ်ငန်းကြီးဟာ လူထုကိုယ်စားလှယ်ရွေးတဲ့လုပ်ငန်းကြီး၊ နိုင်ငံတော်ကြီး ဖွံဖြိုးအောင်လုပ်နိုင်တဲ့လုပ်ငန်းကြီး၊ အစိုးရဆိုတာ ပါတီကို လွှဲတာနော်။ ယနေ့ အမေရိကားမှာလည်းကြည့်၊ ရွေးကောက်ပွဲမှာ Republican အသာစီးရသွားတော့ Bush ရဲ့ Democratic system အခက်အခဲဖြစ်နေတယ်။ အာဏာလွှဲတာသည် ဦးသိန်းစိန်ကို လွှဲတာမပာုတ်ဘူး။ ပါတီကိုလွှဲတာ။ ပါတီတွေကနေပြီးတော့ လူထုကြားထဲမှာ စိမ့်ဝင်နေပြီတော့၊ လူထုရဲ့သဘောကို နားထောင်ပြီးတော့၊ အစိုးရအဖွဲ့ကို message  ပေးပြီတော့ နိုင်ငံကို တိုးတက်အောင် လုပ်ကြရအောင် ဆိုတဲ့ဟာမျိုးက ပါတီတို့က လုပ်ရတာ။ ပါတီတွေ capacity တက်ဖို့လိုတယ်။ ဒါကြောင့် ပါတီတွေ capacity တက်အောင်လုပ်ပါ။ ပါတီတွေ capacity တက်မှ သူရဲ့ candidate က capacity ရှိတဲ့လူတွေ ဖြစ်လာမယ်။ capacity ရှိတဲ့သူတွေ ပြိုင်ရင်း ပြိုင်ရင်း အတော်ဆုံးလူက အရွေးခံမယ်၊ လွှတ်တော်ထဲ ရောက်သွားရင် တိုင်းပြည်ကြီး တိုးတက်အောင်လုပ်နိုင် မယ်လေ။

လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် vision ဆိုတာရှိတယ်။ မြန်မာပြည်ကြီးရဲ့ vision ကိုသိရမယ်။ မြန်မာပြည်ကြီးက ဘယ်နားမှာရှိလဲ။ ပတ်ဝန်းကျင်နိုင်ငံတွေက ဘယ်လိုရှိလဲ။ ပထဝီအနေအထား ဘယ်လို ရှိတယ်။ ဒီပေါ်မှာ နိုင်ငံတော်ဆက်ဆံရေးက ဘယ်လိုသွားရမလဲ။ စီးပွားရေးက ဘယ်လိုသွားရမလဲ။ ပညာရေးဘယ်လိုသွားရမလဲ။ ကျန်းမာရေး ဘယ်လို သွားရမလဲ။ ဒီ vision တွေကို မြင်ပြီးတော့မှ policy တို့ plan တို့ ချနိုင်မယ်။ ဒီ vision မရှိဘဲနဲ့ ခင်ဗျား နိုင်ငံတော်ကို ဘယ်လို တည်ဆောက်မလဲ။ ခင်ဗျားလည်း ကျွန်တော်ကို ပြောဆိုဆွေးနွေးပြီတော့ လုပ်နေတဲ့အဖွဲ့မျိုး ဘယ်နှစ်ဖွဲ့များရှိလို့လဲ။

ပြောစမ်းပါ။ သူတို့က ပြောပြီးတော့သာ ပာိုလူ့ ဝေဖန်၊ ဒီလူ့ ဝေဖန် ပြောနေတာ။ ဟာ နိုင်ငံတော်ကြီး တိုးတက်အောင်။ အဖွဲ့အစည်းတွေ တွေ့တိုင်းမှာ ကျွန်တော်ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ကောင်းအောင် လုပ်ကြတာဘဲ၊ result  မထွက်တာတော့ ကျွန်တော်လည်း ကျွန်တော့်ကိုယ် မကျေနပ်ဘူး။ result မထွက်တာကို အပြစ်မတင်နဲ့။ even လက်နက်စွဲကိုင်ပြီးတော့ တော်လှန်တာလည်း သူလည်း ကောင်းမယ်ထင်လို့ တော်လှန်တာပဲ။ ဒါကိုကျွန်တော်တို့ အပြစ်မတင်နဲ့။ ဒါပေမဲ့ ဒီချိန်မှာ ကျွန်တော်တို့က ဗုဒ္ဓဘာသာစကားနဲ့ ပြောရင်တော့ အကြောင်းတရား အကျိုးတရား ပြန်ကြည့်။ ကံ ကံ၏အကျိုးပဲ။ Law နဲ့ ပြောရင်တော့ (နျူတန်နိယာမ) Newton law နဲ့ ပြန်ကြည့်။

ဘယ်အကြောင်းတရားသည် ဘယ်အကျိုးတရား ဖြစ်လဲ။ ဘယ်အကြောင်းတရားကြောင့် ငါတို့ ဆိုးကျိုးတွေဖြစ်သလဲ။ ကောင်းကျိုးဖြစ်တဲ့ အကြောင်းတရားကိုပဲ ငါတို့ ပြင်ကြရအောင် ဆိုပြီးတော့ ကျွန်တော်ပြောပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ပိတ်ဆို့ထားလို့ တိုင်းပြည်မတိုးတက်ရင်၊ မပိတ်အောင်လုပ်ပေါ့။ သောင်းကျန်သူတွေများနေလို့ တိုင်းပြည်မတိုးတက် ဘူးဆိုရင် အေးချမ်းအောင်လုပ်။ စီးပွားရေးကျသွားလို့ မတိုးတက်ဘူးဆိုရင် စီးပွားရေးတိုးတက်အောင်လုပ်ပေါ့။ ဒီလိုပဲ ကျွန်တော်တို့သွားဖို့လိုတယ်။

စီးပွားရေးမတိုးတက်ရကောင်းလားဆိုပြီးတော့ အပြစ်တင်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပုတ်ခက်နေရင်တော့ ဘယ်လိုမှမတိုးတက်ပါဘူး။ အဲဒါတွေက ဘယ်သူက ခရာလဲ ဆိုတော့ ပါတီကခရာပဲ။ ပါတီက လူထုကို ပြောရမယ်။ လူထုကို လမ်းညွှန်းပြီတော့ လမ်းမှန်ရောက်အောင် ဆွဲခေါ်သွားရမယ်။

ကျွန်တော်တို့ နိုင်ငံမှာ အခုဆိုရင် နိုင်ငံရေးပါတီ ၉၀ ရှိသွားပါပြီ။ အဲပါတီတွေကို ကျွန်တော်ကတော့ တွေ့တိုင်းပြောပါတယ်။ ကျွန်တော်ကတော့ တကယ့်တကယ်တော့ ပါတီနိုင်ငံရေး သမား မပာုတ်ပါဘူး။ အမျိုးသားနိုင်ငံရေးသမားပါ။ အမျိုးသားနိုင်ငံရေးဖြစ်တဲ့အတွက်ကြောင့် next generation ပဲကြည့်ပါတယ်။ ခင်ဗျားတို့က ပါတီနိုင်ငံရေးသမားဖြစ်တဲ့ အတွက်ကြောင့်လည်း ရွေးကောက်ပွဲ ကြည့်ပါလိမ့်မယ်။

ကျွန်တော်က ရွေးကောက်ပွဲကို မကြည့်ပါဘူး။ လွတ်လပ်တရားမျှတဲ့ရွေးကောက်ပွဲဖြစ်ရမယ် ကျွန်တော့် တာဝန်ဘဲ။ ရွေးကောက်ပွဲ ဘယ်သူနိုင်တယ် ကျွန်တော့်အလုပ်မပာုတ်ဘူး။ နိုင်တဲ့လူတွေကတော့၊ နိုင်တဲ့ပါတီတွေကတော့ အရည်အချင်းရှိတဲ့ပါတီ ဖြစ်စေချင်တယ်။ အာဏာရပါတီက အရည်အချင်းရှိတဲ့ပါတီ ဖြစ်ပြီးတော့ နိုင်ငံတော်ကြီး တိုးတက်အောင် လုပ်သွားစေချင်တယ်။ ရှုံးတဲ့ပါတီကလည်းဘဲ အရည်အချင်းရှိတဲ့ ရှုံးတဲ့ပါတီ ဖြစ်ရမယ်။ နိုင်ငံတော်ကြီးတိုးတက်အောင် ငါ အာဏာရပါတီနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်။ သူတို့ လမ်းကြောင်းမှားရင် ငါဘယ်လိုထိန်းကြောင်းမလဲ။ ကျွန်တော် ဒီလိုပဲဖြစ်စေချင်တယ်။

ပြန်ကောက်ရင် တော့ ကျွန်တော် ဒီလုပ်ငန်းကြီး ကျွန်တော်မြတ်နိုးတယ်။ သို့သော်လည်း ကျွန်တော်ကတော့ မလုပ်တော့ပါဘူး။ ၂၀၂၀ မှာ မလုပ်တော့ပါဘူး။

မေး ။    ။ ၂၀၁၅ မှာ ဒီအတွေ့အကြုံတွေက ၂၀၂၀ အတွက် အများကြီးအကျိုးရှိမယ်လို့ ထင်ပါတယ်။

ဖြေ ။    ။ ကော်မရှင်ကိုလည်း အခြေခံကောင်းတွေတော့ ချန်ထားခဲ့ပါတယ်။ ဒီအခြေခံကောင်းတွေနဲ့ နောက်ကလေးတွေလုပ်ကြပါကွာဆိုပြီးတော့ ကျွန်တော် ချထားခဲ့ပါတယ်။ ကျွန်တော်ကတော့ မလုပ်တော့ ပါဘူး။ ကျွန်တော်ကတော့ state man ဘဲ။ နိုင်ငံတော်ကြီး တိုးတက်အောင်တော့ ဘေးကပဲ ထိုင်ကြည့် ပါတော့မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly