သမ္မဟောင်းဘုရှ်ထက် အိုဘားမားက ဒရုန်းဖြင့် လုပ်ကြံတိုက်ခိုက်မှုပေါင်း ဆယ်ဆပိုလုပ်ဆောင်ခဲ့

သမ္မဟောင်းဘုရှ်ထက် အိုဘားမားက ဒရုန်းဖြင့် လုပ်ကြံတိုက်ခိုက်မှုပေါင်း ဆယ်ဆပိုလုပ်ဆောင်ခဲ့

အမေရိကန်သမ္မတ ဂျော့ဘုရှ်လက်ထက်ကထက် သမ္မတအိုဘားမားလက်ထက်တွင် လုပ်ကြံသတ်ဖြတ်ရေး ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်မှုကို ဆယ်ဆလုပ်ဆောင်ခဲ့ကြောင်း သုတေသနသစ်တစ်ရပ်က ဆိုသည်။

ထောက်လှမ်းရေးဂျာနယ်လစ်ဇင်ဗျူရိုအရ ဂျော့ဒဗလူဘုရှ်လက်ထက်တွင် ဒရုန်းတိုက်ခိုက်မှုပေါင်း အကြိမ် ၅၀ လုပ်ဆောင်ခဲ့ပြီး သမ္မတသစ် အိုဘားမားကမူ ဒရုန်းတိုက်ခိုက်မှုပေါင်း အကြိမ် ၅၀၀ နီးပါးစစ်ဆင်နွှဲရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

သမ္မတအိုဘားမားက ပါကစ္စတန်၊ ယီမင်၊ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တို့တွင် ဒရုန်းတိုက်ခိုက်မှုများစွာ ဆင်နွှဲရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

စီအိုင်အေဦးဆောင်သည့် ဒရုန်းတိုက်ခိုက်မှုများကို စစ်သွေးကြွအစွန်းရောက်များအား သတ်ဖြတ်ရန်ဆင်နွှဲခြင်းဖြစ်သည်ဟု အမေရိကန်က ဆိုသော်လည်း သေကျေပျက်စီးမှုစာရင်းများတွင် အရပ်သားများလည်း မကြာခဏဆိုသလို ပါဝင်ခဲ့သည်။

အရပ်သားများနှင့် ကလေးငယ်များမှာ အဆိုပါ ဒရုန်းတိုက်ခိုက်မှုများတွင် အသက်ဆုံးရှုံးမှုများ ရှိနေကြောင်း ထောက်လှမ်းရေးဂျာနယ်လစ်ဇင်ဗျူရိုက ပြောသည်။

၂၀၀၁ ခုနှစ်မှစတင်ကာ အမေရိကန်နိုင်ငံသည် ယီမင်၊ ပါကစ္စတန်၊အာဖဂန်နစ္စတန်နှင့် ဆိုမာလီကဲ့သို့သော နိုင်ငံများတွင် ဒရုန်းတိုက်ခိုက်မှုများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Ref; Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly