တရုတ်အကူအညီဖြင့် နေပြည်တော်နှင့် မြစ်ငယ်တွင် ရထားစက်ခေါင်းနှင့် လူစီးတွဲ ထုတ်လုပ်ရေး စက်ရုံသစ်တည်ဆောက်နေ

တရုတ်အကူအညီဖြင့် နေပြည်တော်နှင့် မြစ်ငယ်တွင် ရထားစက်ခေါင်းနှင့် လူစီးတွဲ ထုတ်လုပ်ရေး စက်ရုံသစ်တည်ဆောက်နေ
Photo Credit - Myawady

စက်တင်ဘာ ၁၀ ရက် ။           ။ နေပြည်တော်မီးရထားစက်ခေါင်းစက်ရုံသစ်နှင့် မြစ်ငယ်လူစီးတွဲထုတ်လုပ်ရေးစက်ရုံသစ်တို့ကို တရုတ်နိုင်ငံမှ နည်းပညာနှင့် ချေးငွေများရယူပြီး စတင်ကောင် အထည်ဖော်နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစက်ရုံသစ်နှစ်ခု ဆောက်လုပ်ပြီးပါက မြစ်ငယ်လူစီးတွဲထုတ်လုပ်ရေးစက်ရုံသစ်မှ တစ်နှစ်လျှင် 'အဆင့်မြင့်လူစီးတွဲ' ၁၂၀ ခန့်နှင့် နေပြည်တော်စက်ရုံသစ်မှလည်း စက်ခေါင်းသစ်များ ထုတ်လုပ်နိုင် မည်ဟု စက်တင်ဘာ ၁၀ ရက် နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။ ထုတ်လုပ်နိုင်မည့် စက်ခေါင်းအရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပါ။

ယင်းစက်ရုံသစ်နှစ်ခုမှ ထုတ်လုပ်တပ်ဆင်ရာတွင် တရုတ်နိုင်ငံ၌ လူစီးတွဲနှင့် စက်ခေါင်းများထုတ်လုပ်နေသည့် SIFANG Co.,Ltd. နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

လေ့လာသင်ယူမှုများအတွက် မြန်မာ့မီးရထားမှ အင်ဂျင်နီယာ ၂၄ ဦးအဖွဲ့သည် စက်တင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံသို့ သွားခွာသွားပြီဖြစ်သည်။

အဆိုပါ အင်ဂျင်နီယာအဖွဲ့သည် မြစ်ငယ် လူစီးတွဲထုတ်လုပ်ရေးစက်ရုံသစ် တည်ဆောက်ပြီးလျှင် တရုတ်ပညာရှင်များနှင့် ပူးပေါင်းထုတ်လုပ်သွားကြမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly