သြစတြေးလျက ရွှေ့ပြောင်းဝင်ရောက်သူ သောင်းကျော်အတွက် တာဝန်ယူမည်ဖြစ်ပြီး ဆီးရီးယားရှိ အိုင်အက်စ်တို့အား တိုက်ခိုက်ရန်လည်း ပြင်ဆင်

သြစတြေးလျက ရွှေ့ပြောင်းဝင်ရောက်သူ သောင်းကျော်အတွက် တာဝန်ယူမည်ဖြစ်ပြီး ဆီးရီးယားရှိ အိုင်အက်စ်တို့အား တိုက်ခိုက်ရန်လည်း ပြင်ဆင်

အရှေ့အလယ်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများမှ ထွက်ပြေးတိမ်းရှောင်လာကြသော ရွှေ့ပြောင်းဒုက္ခသည်များအား ပိုမိုကူညီပေးနိုင်ရေးအတွက် ပြဿနာဖိစီးမှုများရှိနေစဉ် သြစတြေးလျနိုင်ငံက ဆီးရီးယား မှရွှေ့ပြောင်းဒုက္ခသည် ထောင်ပေါင်းများစွာကို ခေါ်ယူတာဝန်ခံမည်ဖြစ်သည်။

ဖိစီးနှိပ်စက်မှုများမှ အလွတ်ရုန်းပြေးလာကြသည့် ဆီးရီးယားဒုက္ခသည် ၁၂၀၀၀ အတွက် တာဝန်ယူလက်ခံသွားမည်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က စက်တင်ဘာ ၉ ရက်တွင်ကြေညာ လိုက်သည်။

ထိုသို့ သြစတြေးလျက တာဝန်ခံခြင်းသည် ၂၀၁၅ ခုနှစ်တွင် ဒုက္ခသည်ရွှေ့ပြောင်းသူပေါင်း ၁၃၇၅၀ အား ခေါ်ယူတာဝန်ခံခြင်းဖြစ်သည်။

ထိုပြင် သြစတြေးလျသည် အိုင်အက်စ်တို့အား တိုက်ခိုက်သွားရေးစစ်ဆင်ရေးကိုလည်း တိုးချဲ့သွားမည်ဖြစ်သည်။

သြစတြေးလျလေတပ်က အီရတ်ရှိ အိုင်အက်စ်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်မှာ ၁၂ လတာမျှရှိနေသော်လည်း ပြီးခဲ့သည့်လက အမေရိကန်က ဆီးရီးယားတွင်ပါ ပါဝင်တိုက်ခိုက်ကူညီရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယခု ဝန်ကြီးချုပ်တိုနီအဘော့၏ ဒုက္ခသည်များကို သောင်းကျော်မျှ လက်ခံသွားမည့် ကြေညာချက်သည် အထူးမူဝါဒအပြောင်းအလဲပင်ဖြစ်သည်။ ပြီးခဲ့သည့် ရက်များအတွင်းက သြစတြေးလျအနေဖြင့် ဆီးရီးယားဒုက္ခသည်များကို ခေါ်ယူမည်ဖြစ်သော်လည်း ခွဲတမ်းအရသာ လက်ခံသွားမည်ဖြစ်ကြောင်း ကြေညာပြောဆိုထားခဲ့ခြင်းဖြစ်သည်။

ဥရောပသို့ ရွှေ့ပြောင်းလာကြသည့် နိုင်ငံဖြတ်ကျော်သူ ဒုက္ခသည်များအရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံများကြုံတွေ့ရသည့် အကြီးမားဆုံးသော ပြဿနာကြီးတစ်ရပ်ဖြစ်လျက်ရှိသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly