မြန်မာရွေးကောက်ပွဲလေ့လာရန် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌအား ဂျပန် ဦးဆောင်စေမည်

မြန်မာရွေးကောက်ပွဲလေ့လာရန် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌအား ဂျပန် ဦးဆောင်စေမည်

စက်တင်ဘာ ၉ ရက် ။       ။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကို လေ့လာရန် နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ယိုဟေး ဆာဆာကာဝါ ဦးဆောင်မည့် အဖွဲ့အား စေလွှတ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ထားသည်။

မစ္စတာ ယိုဟေး ဆာဆာကာဝါအား မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ အကြား ပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၃ ခု၊ ဖေဖော်ဝါရီလက တရားဝင် တာဝန်ပေးအပ်ခဲ့သည်။

နိပွန်ဖောင်ဒေးရှင်းသည် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် များတွင် ပါဝင်ကူညီနေသည်။

ထို့ပြင် စာသင်ကျောင်းများဆောက်လုပ်ခြင်း၊ ဆေးဝါးများကူညီဖြန့်ဖြူးခြင်း၊ အရပ်သားဝန်ထမ်းများအား သင်တန်းများ ပေးခြင်း၊ တိုင်းရင်းသားလူနည်းစုဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေသည်ဟုလည်း သိရသည်။

မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဂျပန်အစိုးရက ၅ နှစ်ကာလအတွက် ဂျပန်ယန်းငွေ ၁၀ ဘီလီယံ အသုံးပြုမည်ဟု ၂၀၁၄ ခု ဇန်နာရီလအတွင်းကကြေညာခဲ့သည်။

၂၀၁၅ ခု မတ်လ ၃၁ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား NCCT နှင့် မြန်မာအစိုးရတို့အကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်နှင့် ပတ်သက်၍ အခြေခံသဘောတူညီမှုများ ရရှိခဲ့သည်ကို ဂျပန်အစိုးရက အထူးအရေးကြီး သည့်ခြေလှမ်းတရပ်အဖြစ်ယူဆပြီး အလေးအနက်ထားကြိုဆိုခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly