ဥရောပကလပ်အသင်းများ အစည်းအရုံးမှ ပေးအပ်သည့် အကောင်းဆုံးကလပ်အသင်းဆုကို ဘာစီလိုနာ ရရှိ

ဥရောပကလပ်အသင်းများ အစည်းအရုံးမှ ပေးအပ်သည့် အကောင်းဆုံးကလပ်အသင်းဆုကို ဘာစီလိုနာ ရရှိ

စပိန်၊ သြဂုတ် ၈။ ။ ဥရောပကလပ်အသင်းများ အစည်းအရုံး(ECA) မှ ရွေးချယ်ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးကလပ်အသင်းဆုကို ဘာစီလိုနာအသင်းက ဆွတ်ခူးရရှိသွားခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၁၄-၁၅ ရာသီတွင် လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒုတိယအကြိမ် စံချိန်တင်ဆုဖလားသုံးလုံး ရယူနိုင်သည့်အတွက် ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ယခုနှစ်ရာသီအစတွင် ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ပြီး စပိန်စူပါဖလားကို လက်လွှတ်ခဲ့ရသော်လည်း ECA မှပေးအပ်သည့် အကောင်းဆုံးကလပ်အသင်းဆုနှင့်လွဲချော်အောင် ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့်ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်သို့ တက်ရောက်ခဲ့သည့် ယူကရိန်းကလပ် ဒီနီပရိုအသင်းမှာ အတိုးတက်ဆုံး ကလပ်အသင်းဆုကို ရရှိခဲ့သည်။

အာဆင်နယ်အသင်းမှာ လန်ဒန်မြို့ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထိုဒေသအတွင်း လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် The Best Community and Social Responsibility Programme reward ဆုကို ရရှိခဲ့သည်။

အက်စ်တိုးနီးယားကလပ် FC Levadia Tallinn အသင်းမှာမူ ပရိသတ်များအတွက် ကွင်းအတွင်းလုံခြုံရေးနှင့် လွယ်ကူချောမွေ့စွာသွားလာကြည့်ရှုနိုင်ရေးတို့ကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်သည့်အတွက် ECA မှ ချီးမြှင့်သည့် အထူးဆုကို ရရှိခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly