ရခိုင်ပြည်နယ်ရေဘေး နိုင်ငံတကာကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ဆောင်ရွက်

ရခိုင်ပြည်နယ်ရေဘေး နိုင်ငံတကာကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ဆောင်ရွက်
Photo credit ICRC

စက်တင်ဘာ ၈ ရက် ။         ။ မိုးကြီးခြင်းကြောင့် မြန်မာနိုင်ငံတွင် ရေကြီးမြေပြိုမှုဘေးများဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ဘင်္ဂလား ပင်လယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ကိုမန်တိုက်ခတ်သည်မှာ တစ်လကြာပြီလည်းဖြစ်သည်။

နိုင်ငံတကာကြက်ခြေနီအသင်းအဖွဲ့ကြီး (ICRC) နှင့် မြန်မာကြက်ခြေနီ (MRCS) တို့သည် ရခိုင်ဒေသတွင် လူပေါင်း ၆၀,၀၀၀ အတွက် အစားအစာနှင့် လိုအပ်သည့်ပစ္စည်းများကို ဖြန့်ဖြူးပေးလျက်ရှိသည်။

"ရေက ပြန်ကျသွားပြီဖြစ်လို့ လူတွေအိမ်ပြန်ပြီး သူတို့ဘဝစတင်ဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လက်မြှင့်တင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။" ဟု စစ်တွေရှိ ICRC အကြီးအကဲ Enrique Ochoa Fernandez-Lomana က ပြောသည်။

ဇူလိုင် ၁၆ မှ စက်တင်ဘာ ၆ ရက်နေ့အထိ အစိုးရစာရင်းအရ ရခိုင်ပြည်နယ် အတွင်း ရေဘေးကြောင့် သေဆုံးသူပေါင်းမှာ ၅၆ ဦးရှိပြီး လယ်ကွင်းစိုက်ဧက အမြောက်အများ ပျက်စီးကာရေဘေးဒုက္ခ ကြုံတွေ့သူပေါင်းမှာ ကိုးသောင်း ခြောက်ထောင်ကျော် ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ ICRC နှင့် MRCS တို့က မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များတွင် လိုအပ်သည့် အစားအစာနှင့် ပစ္စည်းများကို စတင်ဖြန့်ဝေလျက်ရှိသည်။

Ref; ICRC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags