ရခိုင်တွင် ကျောင်းဖွင့်များနေပြီး ဆရာ၊ ဆရာမ လုံလောက်မှုမရှိဟု ပြည်နယ်ပညာရေးမှူးပြော

ရခိုင်တွင် ကျောင်းဖွင့်များနေပြီး ဆရာ၊ ဆရာမ လုံလောက်မှုမရှိဟု ပြည်နယ်ပညာရေးမှူးပြော

စစ်တွေ၊ စက်တင်ဘာ ၇ ။          ။ ရခိုင်ပြည်နယ်တွင် အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများပြားမှုနှင့် ကျောင်းများနေသောကြောင့် သင်ကြားပေးမည့် ဆရာ၊ ဆရာမများမှာ မလုံလောက်ဖြစ်နေသည်ဟု ပြည်နယ်ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောကြားသည်။

ကျောင်းဆရာ၊ ဆရာမ လုပ်သက် ၁၀ နှစ်ပြည့်သူများကို စာမေးပွဲစစ်ပြီး အထက်တန်းပြ၌ ခန့်အပ်နေသော်လည်း မလုံလောက်သေးကြောင်း ဦးလှစိန်ထွန်းက ပြောသည်။

"ဆရာတော်တို့မှာက ကျောင်းဖွင့်တာများနေတယ်။ ဆရာ၊ ဆရာမတွေက မလုံလောက်ဘူး။ ဒါကြောင့် လုပ်သက် ၁၀ နှစ်ပြည့်တဲ့ အလယ်တန်းက ဆရာ၊ ဆရာမတွေကို စာမေးပွဲစစ်ပြီးတော့ အထက် တန်းပြခန့်အပ်ပေမယ့် မလုံလောက်သေးဘူး။ အဲဒီတော့ ၅ နှစ် လုပ်သက်ပြည့်တဲ့ ဆရာ၊ ဆရာမတွေကို စာမေးပွဲစစ်နေပါတယ်။" ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သင်ကြားရေး စနစ်မှာလည်း ကျောင်း၊ ကျောင်းသူများ၏ ပညာရေးအတွက် ထင်သလောက် ထိရောက်မှုမရှိသောကြောင့် မူလတန်းကနေ အထက်တန်းပြအထိ ဆရာ၊ ဆရာများ၊ တက္ကသိုလ်က ဆရာ၊ ဆရာမများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဦးလှစိန်ထွန်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိပညာရေး သင်ကြားရေစနစ်ကို ဒီထက်မက အဆင်မြှင့်တင်ပြီး ကျောင်းသားများ ပညာတက်လွယ်သော သင်ကြားမှုစနစ်အဆန်း များကို ပြောင်းလဲသင့်ကြောင်း၊ ကျောင်းတွင် သင်ကြားပေးသော ပညာရပ်များကိုလည်း ကျောင်း၏ ပြင်ပဘက်တွင် လက်တွေ့အသုံးချနိုင်သော ပညာရပ်များကို ဦးပေးသင်ကြားသင့်ကြောင်း၊ ယင်းအပြင် မိဘများမှာ ဝင်ငွေ ၆၀ ရာခိုင်နှုန်း ကိုကျောင်းသား၊ ကျောင်းသူများထံ အသုံးပြုနေရသောကြောင့် မိဘက တာဝန်ယူသည့် စနစ်ထက် အစိုးရက တာဝန်ယူသည့်စနစ်သို့ ပြောင်းသင့်ကြောင်း စစ်တွေမြို့က အထက်တန်းကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်၏ ပညာရေးနိမ့်ကျခြင်းမှာ လက်ရှိသင်ကြားနေသော ပညာရေးစနစ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားမှု အားနည်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ ဦးရေမလုံလောက်ခြင်း၊ သင်ထောက်ကူပစ္စည်းများ မလုံလောက်ခြင်းတို့ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly