အာဂျင်တိုင်းဖခင်တစ်ဦးက ဇနီးနှင့်သားဖြစ်သူတို့ကို နှစ်ပေါင်းများစွာ သော့ခတ်ပိတ်လှောင်ထား

အာဂျင်တိုင်းဖခင်တစ်ဦးက ဇနီးနှင့်သားဖြစ်သူတို့ကို နှစ်ပေါင်းများစွာ သော့ခတ်ပိတ်လှောင်ထား

ဗျူနိုအေရီးစ်၊ စက်တင်ဘာ-၆ ။ ။ ဇနီးဖြစ်သူနှင့် အရွယ်ရောက်ပြီး သားတစ်ယောက်ကို အခန်းတစ်ခန်းအတွင်း နှစ်ပေါင်းများစွာ သော့ခတ်ပိတ်လှောင်ထားခဲ့သည့်အတွက် ဖခင်တစ်ဦးကို တရားမဝင် အကျဉ်းချမှုဖြင့် အာဂျင်တီးနားရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သည်ဟု ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ကမ်းရိုးတန်းမြို့ မာဒဲ ပလာတာရှိ အက်ဂါဒို အိုဗီဒို၏အိမ်နောက်ဘက်တွင် အော့အန်ဖွယ် ညစ်ပတ်ပေရေနေသည့် အခန်းတစ်ခန်းရှိပြီး ထိုအခန်းတွင် အပြင်မှသော့ခတ်ထားသည့် သံတံခါးများရှိနေသည်ဟု ဆိုသည်

မိခင်ဖြစ်သူနှင့် သူမ၏သားတို့ကို ခွေးစာကျွေးသည့် ပန်းကန်ပြားများဖြင့် အစာကျွေးခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။. စက်တင်ဘာ ၄ရက်နေ့က ရဲတပ်ဖွဲ့က အိမ်ကို ဝင်ရောက်စီးနင်းသည့်အခါတွင် မစ္စတာ အိုဗီဒို (၆၆နှစ်)က တစ်စုံတစ်ရာ ခုခံခြင်းမရှိခဲ့သော်လည်း စွဲချက်များကိုမူ ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

ရဲများ ဝင်ရောက်စီးနင်းချိန်တွင် မိခင်ဖြစ်သူမှာ စိတ်ရောဂါရနေပြိး ၃၂နှစ်ရှိပြီဖြစ်သည့် သားဖြစ်သူမှာမူ စကား မပြောနိုင်တော့သလောက်နီးပါး ဖြစ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

အနီးဝန်းကျင်တွင် နေထိုင်သည့် အခြားသားနှစ်ဦးက သတင်းပေးလာသောကြောင့် ဆောက်လုပ်ရေးအလုပ်သမားနှင့် သမဂ္ဂခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် မစ္စတာ အိုဗီဒိုကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရရှေ့နေ (ဆွဲချ) အလီဂျန်ဒရို ပယ်လီဂရီနီကမူ မစ္စတာအိုဗီဒို၏ နေအိမ်တွင် လူမဆန်ဆုံး အခန်းတစ်ခန်းရှိနေခဲ့သည်ဟု ပြောကြားခဲ့သည်။

ပယ်လီဂရီနီမှာ သူမြင်တွေ့ခဲ့ရသည့်အရာကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး အဲဒီနေရာကို မရောက်မချင်း ဒီလိုဖြစ်ရပ်မျိုး ရှိနေခဲ့တယ်ဆိုတာကို မယုံကြည်နိုင်ခဲ့ဘူးဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly