ဂါဇာစီးတီး၊ သြဂုတ် ၈ ။ ။ ဂါဇာကမ်းမြောင်မှာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သြဂုတ် ၇ ရက်မှာ ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောခွင့်ရသူက ဆိုပါတယ်။
ပြောခွင့်ရသူ ကီဒရာရဲ့ အဆိုအရ သေဆုံးသူနှစ်ဦးဟာ အသက် ၂၃ နှစ်အရွယ် လူရွယ်အမျိုးသားနှစ်ဖြစ်ကြောင်း သိရပါတယ်။
ဒီသေဆုံးမှုကလွဲပြီး ထိခိုက်ဒဏ်ရာရသူသတင်း မကြားသိရသေးပါ။
အစ္စရေးစစ်တပ်ကတော့ ၎င်းတို့ကို အစွန်းရောက် အကြမ်းဖက်တွေက ဟားမတ်စ်စခန်းတစ်ခုကနေ လှမ်းပစ်ကြောင်း ထုတ်ပြန်ပါတယ်။
"ဒီပစ်ခတ်မှုကို တုံ့ပြန်ပြီး အစ္စရေးစစ်တင့်ကားတွေက ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးစစ်သားတွေမှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။"ဆိုပြီး ထုန်ပြန်ခဲ့ပါတယ်။
မတ် ၃၀ ရက်က စပြီး နယ်စပ်မှာ ပါလက်စတိုင်းတွေရဲ့ မွေးရပ်မြေပြန်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ချိန်ကစလို့ တင်းမာမှုတွေ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။
နှစ်ဖက်ထိပ်တိုက်တွေ့တဲ့ တင်းမာမှုတွေမှာ ပါလက်စတိုင်း ၁၅၀ သေဆုံးပြီး ဒဏ်ရာရသူပေါင်းက ၁၇၀၀၀ ကျော် ရှိခဲ့ပါတယ်။