ဗျူနိုအေရိစ်၊ သြဂုတ် ၇ ။ ။ အာဂျင်တီးနားနိုင်ငံရဲ့ လွှတ်တော်မှာ မဲပေးဆုံးဖြတ်ဖို့ ရှိနေတဲ့ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကြမ်းကို နှစ်ရက်အလိုမှာပဲ ဗျူနိုအေရိစ်မြို့တော်မှာ ကျောင်းသားတွေ၊ ပါမောက္ခတွေနဲ့ ရှေ့နေတွေက ကန့်ကွက်ပြီး စုရုံးဆန္ဒပြကြပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကို အတည်ပြုပြီး လွှတ်တော်ကို တင်ခဲ့တဲ့ ဥပဒေတက္ကသိုလ်ရှေ့မှာ စုရုံးဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။
ဒီ ဥပဒေဟာ ဖွဲ့စည်းပုံနဲ့လည်း မညီညွတ်ကြောင်း ပါမောက္ခတစ်ဦးဖြစ်တဲ့ ဗီတိုလိုက ပြောပါတယ်။ ဒီအပြင် ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်တဲ့ အာရီဗာလိုကလည်း ဘဝအသက်တွေက တန်ဖိုးရှိကြောင်း ပြောပါတယ်။
လက်ဝဲအုပ်စုတွေ၊ အမျိုးသမီးအရေးအုပ်စုတွေ ထောက်ခံနေတဲ့ ဒီဥပဒေကို သမ္မတ မော်ရီစီယိုက လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးပြီးနောက်မှာ ကွန်ဂရက်လွှတ်တော်မှာ ဆွေးနွေးကြဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။