သေဆုံးသူ ၉၆ ဦး ရှိခဲ့တဲ့ အင်ဒိုနီးရှား ငလျင်မှာ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်

သေဆုံးသူ ၉၆ ဦး ရှိခဲ့တဲ့ အင်ဒိုနီးရှား ငလျင်မှာ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်

 

ဂျကာတာ၊ သြဂုတ် ၇ ။          ။ အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းမှာ သြဂုတ် ၅ ရက်က လှုပ်ခဲ့တဲ့ ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိ ငလျင်မှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒီငလျင်အတွင်းမှာ သေဆုံးခဲ့သူပေါင်း ၉၆ ဦးအထိ ရှိတယ်လို့ အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးရုံး BNPB က ပြောပါတယ်။

မြောက်ပိုင်း လွမ်ဘော့ကျွန်းရဲ့ ဗလီတစ်ခုဟာ ငလျင်ကြောင့် ပြိုကျပျက်စီးရာမှာ သေဆုံးသူ ရုပ်အလောင်း ၇၂ လောင်းအထိ တွေ့ရှိကြောင်း BNPB ပြောခွင့်ရသူ ဆူတိုပိုက ပြောပါတယ်။

“ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။ တော်တော်များများကို ဘေးကင်းကင်းနဲ့ ပြန်တွေ့ဖို့ မျှော်လင့်နေပါတယ်။”လို့ ဆူပိုတိုက တွစ်တာကနေ ရေးသားပါတယ်။

ဒီငလျင်ဘေးမှာ ထောင်ပေါင်းများစွာသော ကမ္ဘာ့လှည့်ခရီးသည်တွေကိုလည်း စက်လှေတွေ၊ လေယာဉ်ပျံငယ်တွေနဲ့ ကယ်ဆယ်ပေးခဲ့ရပါတယ်။

လွမ်ဘော့လေဆိပ်မှာဆိုရင် စပိန်နိုင်ငံသူနိုင်ငံသား ဒါဇင်များစွာအပါအဝင် နိုင်ငံခြားဧည့်သည်အများစု သောင်တင်လျက် ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly