အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးနှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးနှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တွေ့ဆုံဆွေးနွေး
ဓာတ်ပုံ - AFP

 

သြဂုတ် ၇ ။          ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ စင်ကာပူမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဘေးပန်းပြင်ပမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်းကူးပြောင်းမှုကို ဖော်ဆောင်ဖို့ အစိုးရရဲ့ လက်ရှိ ကြိုးပမ်းအားထုတ်နေမှုများ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ရခိုင်ကိစ္စတွင် ဘင်္ဂါလီ ဒုက္ခသည်များ မူလနေရပ်ပြန်လာနိုင်ရေးအတွက် သင့်တော်သည့် အခြေအနေများ ဖန်တီးရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထုတ်ဖော်တာဝန်ခံရေး၊ ရခိုင် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ဖော်ဆောင်ရေးစသည်တို့ကိုပါ ဆွေးနွေးသွားခဲ့ကြကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရိုက်တာသတင်းသမားနှစ်ဦးကို ပြန်လွှတ်ပေးရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ကာကွယ်ရေးတို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းသွားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly