ကယ်လီဖိုးနီးယားရဟတ်ယာဉ်ပျက်ကျရာ လူ ၅ ဦးသေဆုံး

ကယ်လီဖိုးနီးယားရဟတ်ယာဉ်ပျက်ကျရာ လူ ၅ ဦးသေဆုံး

 

သြဂုတ် ၆ ။          ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကယ်လီဖိုးနီးယား၊ ဆန်တာအနာမြို့ရှိ ဈေးဝယ်စင်တာကို ရဟတ်ယာဉ်တစ်စီးဝင်တိုက်ရာ လူ ၅ ဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဈေးဝယ်စင်တာရဲ့ ယာဉ်ရပ်နားရာနေရာမှာ လေယာဉ်ဝင်တိုက်ခဲ့ပြီးနောက် မီးသတ်သမားတွေ၊ လူနာတင်ယာဉ်တွေလည်း ရောက်ရှိလာတာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျပြီး ရပ်ထားတဲ့ကားကို ဝင်တိုက်ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မီးသတ်တပ်ဖွဲ့အရာရှိ စတိ့ဗ်ကွန်ရှယ်တီကပြောပါတယ်။

ဆန်ဖရန်စစ္စကိုကုမ္ပဏီထုတ် ပူးတွဲအင်ဂျင်ပါတဲ့ ဆက်စ်နာရဟတ်ယာဉ်ဟာ ကယ်လီဖိုးနီးယားမြောက်ပိုင်းကနေ ဆန်တာအနာမြို့ကိုပျံသန်းလာတာဖြစ်ပြီး ပြည်တွင်းလေဆိပ်နဲ့ တစ်မိုင်အကွာမှာ လေယာဉ်ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly