ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး လိုက်ပါလာတဲ့ ယာဉ်တန်း ဒါကာမြို့မှာ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး လိုက်ပါလာတဲ့ ယာဉ်တန်း ဒါကာမြို့မှာ တိုက်ခိုက်ခံရ

သြဂုတ် ၆ ။              ။ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး လိုက်ပါလာတဲ့ ယာဉ်တန်း သြဂုတ် ၄ ရက်နေ့ ညပိုင်းက မြို့တော် ဒါကာမှာ လက်နက်ကိုင်အမျိုးသားအုပ်စုတစ်စုရဲ့ တိုက်ခိုက်ရန်ပြုခြင်းကို ခံခဲ့ရကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် ယင်း ဖြစ်စဉ်မှာ သံအမတ်ကြီး မာစီယာ ဘာနီကက်နဲ့ သူမရဲ့ လုံခြုံရေးအဖွဲ့တို့ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရခဲ့ဘဲ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကားနှစ်စီးတော့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေအပါအဝင် ဆန္ဒပြသူတွေဟာ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သီတင်းတစ်ပတ်ကြာ ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြစဉ် ယခုလို အမေရိကန်သံအမတ်ကြီး ယာဉ်တန်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

သြဂုတ် ၅ ရက်မှာတော့ ရဲတွေက ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဗုံးသုံး လူစုခွဲမှုတွေလုပ်ခဲ့ရပါတယ်။ လမ်းပေါ် တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး ဆန္ဒပြသူ ၅၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ခုလို အကြမ်းဖက် ရန်ပြုခံရတဲ့ ဖြစ်စဉ်အပေါ်မှာတော့ အမေရိကန် သံအမတ်ကြီးက ပြစ်တင်ရှုတ်ချသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly