IBEC ၏ ပဥ္စမအကြိမ်မြောက် ပဲအလှူတော် စစ်ကိုင်းတောင်ရိုးတွင် ပြုလုပ်

IBEC ၏ ပဥ္စမအကြိမ်မြောက် ပဲအလှူတော် စစ်ကိုင်းတောင်ရိုးတွင် ပြုလုပ်

ဩဂုတ် ၄၊ စစ်ကိုင်း။           ။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး IBEC အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက်တွင် ဩဂုတ်လ ၄ ရက် မနက်ပိုင်း၌ ပဉ္စမအကြိမ်မြောက် ပဲအလှူတော် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကြွရောက်တော်မှုလာကြကုန်သော သံဃာတော် ဆရာတော်များအား ပဲများလှူဒါန်းခြင်း၊ ရေစက်ချအခမ်းအနားတွင် သီတဂှုဆရာတော် ဘုရားကြီးက ရေစက်သွန်းချ အမျှအတန်း ပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

" တစ်ကြိမ်လှူရင် သိန်းတစ်ထောင်နီးပါးကုန်ကျခံ လှူဒါန်းတယ် ။ အခုလို လှူတန်းတာက တစ်စုံတစ်ဦးတည်း မတည်လှူဒါန်းခြင်း မဟုတ်ဘဲ IBEC တပည့်သာဝကတွေက စုပေါင်းလှူဒါန်းခြင်းသာ ဖြစ်တယ် ။ သီတဂှု ရေအလှူ၊ ဇီဝိတဒါန ဆေးအလှူ၊ဓမ္မဒုတ ဆရာတော် ဘုရားမှ ဆီ၊ဆန်၊ဆား၊ဆေး အလှူနဲ့ မန္တလေးမှာ မလွန် ဆန်အလှူ၊ IBEC မှ ပဲအလှူပေါ့ " ဟု IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

စစ်ကိုင်းတောင်ရိုး၊မင်းဝံတောင်ရိုးနှင့် မင်းကွန်းဒေသအတွင်းရှိ သီတင်သုံးနေထိုင်တော်မှုကြသည့် သံဃာ အရှင်သူမြတ်များ၊သာသနနွယ်ဝင် သီလရှင်ဆရာလေးများအတွက် ဆွမ်း ဟင်းအဆင်ပြေစေဖို့ ရည်ရွယ်၍ တစ်ပါးလျှင်ပဲနှစ်ပြည်နှုန်း စုစုပေါင်း သံဃာ နှစ်သောင်းတစ်ထောင်ကျော် လှူခဲ့ကြောင်း သိရသည်။

ပဲအလှူတော်ကို စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဦးသောဘိတ ဦးဆောင်၍ အလှူရှင်အများ စုပေါင်းလှူတာဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့မှ ၈ နေ့အထိ (၄)ရက်တာ ကျင်းပသွားမည်ဖြစ်ကာ ဓမ္မသဘင်အစီအစဉ်များအဖြစ် ဒေါက်တာ နန္ဒမာလာဘိဝံသ(အပြည်ဆိုင်ရာ ထေရဝါရ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်)၊မြစြင်္ကာဆရာတော်၊IBEC ပဓာန နာယကဆရာတော် ဘန္တတသောဘိတ တို့မျှ တရာဒေသနာတော်များ ဟောကြား ကျင်းပသွားမည်ဖြစ်သည်။

ယင်းသို့ ပဲအလှူတော်ကို ၂၀၁၄ ခုနှစ်မှ စတင်၍ လှူဒါန်းလာတာဖြစ်ပြီး တစ်နှစ်လျှင် သိန်းတစ်ထောင်ခန့် အကုန်ကျခံ လှူဒါန်းကာ နှစ်စဉ် နှစ်တိုင်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly