မြောက်ကိုရီးယားကို သံတမန်ရေးနဲ့ စီးပွားရေး ဆက်လက်ဖိအားပေးထားဖို့ အမေရိကန် တိုက်တွန်း

မြောက်ကိုရီးယားကို သံတမန်ရေးနဲ့ စီးပွားရေး ဆက်လက်ဖိအားပေးထားဖို့ အမေရိကန် တိုက်တွန်း

စင်ကာပူ၊ သြဂုတ် ၄ ။           ။ နျူကလီးယား ဖျက်သိမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ရေးမှာ နှေးကွေးနေတဲ့ မြောက်ကိုရီးယားကြောင့် စိုးရိမ်စိတ်တွေ ရှိနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက မြောက်ကိုရီးယားကို သံတမန်ရေးနဲ့ စီးပွားရေးမှာ ဆက်လက်ဖိအားပေးထားဖို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

စင်ကာပူမှာ သြဂုတ် ၃ ရက်က ကျင်းပတဲ့ အထူးလုံခြုံရေးဖိုရမ်တစ်ရပ်မှာ ပြုံယမ်းအပေါ် ခုလို ဆက်လက်ဖိအားပေးဖို့ ပွန်ပီယိုက တိုက်တွန်းပြောခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုပါ တက်ရောက်တဲ့ အာဆီယံဒေသတွင်းဖိုရမ်မှာ ပွန်ပီယိုက ခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရီယောင်ဟိုနဲ့ အစည်းအဝေး ပြင်ပန်းမှာ မတွေ့ဆုံရသေးကြောင်း ပွန်ပီယိုက ဆိုပါတယ်။

ဇွန်လအတွင်းက စင်ကာပူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်တို့ သမိုင်းဝင် ထိပ်သီးစည်းဝေးခဲ့ရာမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို သဘောတူခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယားဖျက်သိမ်းတဲ့ လုပ်ဆောင်ချက် အနည်းငယ်ကို မြင်တွေ့ရပေမယ့် မြောက်ကိုရီးယားဟာ ဒုံးကျည်တွေ ဆက်လက်တည်ဆောက်နေပြီး ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့ တားမြစ်ချက်တွေကို ချိုးဖောက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags