အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် မလေးရှားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ

အရှေ့တောင်အာရှ ခရီးစဉ်အဖြစ် မလေးရှားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ

ကွာလာလမ်ပူ၊ သြဂုတ် ၃ ။         ။ အရှေ့တောင်အာရှ ပထမဆုံးခရီးစဉ်အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုဟာ သြဂုတ် ၂ ရက်မှာ မလေးရှားနိုင်ငံကို ရောက်ရှိပါတယ်။

ပွန်ပီယိုအနေနဲ့ ဒီခရီးစဉ်မှာ သြဂုတ် ၃ ရက်နဲ့ ၄ ရက်တို့မှာ စင်ကာပူမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့လည်း ရှိနေပါတယ်။

ပွန်ပီယိုရဲ့ တရားဝင်ခရီးစဉ်အစီအစဉ်အရ ကွာလာလမ်ပူမှာ ခဏတာ ရောက်ရှိပြီး သြဂုတ် ၃ ရက် နံနက်ပိုင်းမှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။

ဒီကနေ့ တစ်နေ့တည်းမှာပဲ ပွန်ပီယိုဟာ စင်ကာပူကို သွားရောက်မှာ ဖြစ်ပါတယ်။ အာဆီယံ မူဘောင်အရ အပြန်အလှန် တွေ့ဆုံမှုတွေမှာ ပွန်ပီယိုအနေနဲ့ ပါဝင်မှာလည်း ဖြစ်ပါတယ်။

အာဆီယံ အဖွဲ့ကြီးဟာ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။

သြဂုတ် ၄ ရက်မှာ ပြုလုပ်မယ့် အာဆီယံဒေသတွင်းဖိုရမ် အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်တို့ကြား ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး သဘောတူညီချက်ကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ထရမ့်နဲ့ ကင်ဂျုံးအန်တို့ဟာ ဇွန်လအတွင်းက စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags