စပိန်တောင်ပိုင်းမှာ အပူလှိုင်းကျရောက်ပြီး လူတစ်ဦး သေဆုံး

စပိန်တောင်ပိုင်းမှာ အပူလှိုင်းကျရောက်ပြီး လူတစ်ဦး သေဆုံး

မက်ဒရစ်၊ သြဂုတ် ၃ ။          ။ စပိန်တောင်ပိုင်းက အီဘာရီယန်ကျွန်းစုဒေသတွေမှာ အပူလှိုင်း ကျရောက်ရာ အလုပ်သမားတစ်ဦး အပူရှပ်ပြီး ဆေးရုံမှာ သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူက သြဂုတ် ၂ ရက်မှာ ပြောပါတယ်။

အသက် ၄၈ နှစ်အရွယ် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဟာ မော်စီယာပြည်နယ်က အဝေးပြေးလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်မှာ ဇူလိုင် ၃၀ ရက်က အပူရှပ် ဖျားနာဝေဒနာ ခံစားခဲ့ရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

“ရေဆာတဲ့အထိ မနေကြဖို့ လိုပါတယ်။”လို့ ကျန်းမာရေးဝန်ကြီး မန်နျူရယ်ဗီလက်စ်က ပြောပါတယ်။ တောင်ပိုင်းဒေသတွေမှာ လက်ရှိ အပူချိန်မြင့်တက်နေကြောင်း၊ ရေဓာတ်ပြည့်ဝနေဖို့ ပြည်သူတွေအနေနဲ့ လိုအပ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

စပိန် မိုးလေဝသဌာနကတော့ အပူလှိုင်းသတိပေးချက် မထုတ်ပြန်သေးပါဘူး။ အခု ဆောက်လုပ်ရေးအလုပ်သမား သေဆုံးမှုဟာ ခုနှစ်အတွင်း အပူချိန်ကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ပြည်သူတွေအနေနဲ့ နေ့ပိုင်း ပူပြင်းချိန်တွေမှာ အပြင်မထွက်ကြဖို့နဲ့ လမ်းတွေပေါ်မှာ အလုပ်လုပ်ကိုင်ကြရသူတွေအတွက် နားချိန်ယူဖို့ ကျန်းမာရေးဝန်ကြီး ဗီလက်စ်က တိုက်တွန်းပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly