၀က်နားရွက်ပြာရောဂါကြောင့် ၀က်အကောင်ရေ ၆၀၀ ကျော်သေဆုံး

၀က်နားရွက်ပြာရောဂါကြောင့် ၀က်အကောင်ရေ ၆၀၀ ကျော်သေဆုံး

 

သြဂုတ် ၁ ။              ။ ၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မြို့နယ် (၃)ခုမှာ ဝက်အကောင်ရေ တထောင်ကျော် ဝက်နားရွက်ရောဂါ ဖြစ်ပွားပြီး ၆၀၀ ကျော်သေဆုံးခဲ့ပါတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းက ကသာခရိုင် အင်းတော်၊ ဝန်းသို၊ ကောလင်းမြို့နယ်မှာ ဝက်နာရွက်ပြာရောဂါဖြစ်ပွားခဲ့ကာ ယခုလက်ရှိ ယင်းမာပင်ခရိုင် ကနီမြို့နယ်သမင်ခြံကျေးရွာမှာ ရာသီဥတုအပြောင်းအလဲကြောင့် အရပ်ခေါ် ဝက်ဝမ်းကျရောဂါ ဖြစ်ပွားပြီး အကောင်၂၀ ကျော် သေဆုံးခဲ့ပါတယ်။

မြို့နယ် ၃ ခုမှာ ဝက်နာရွက်ပြာ ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုးလည်း “ ကသာခရိုင် ဝန်းသိုမှာ ပြီးခဲ့တဲ့နှစ် ဇွန်လ ပထမပတ်က ဖြစ်ပွားခဲ့လို့ မသင်္ကာဖွယ်ရာ ဝက်အသေကောင်တွေရဲ့ ကလီစာကို စစ်ဆေးတဲ့အခါမှာ ဝက်နားရွက်ပြာရောဂါလို့ သိရှိရပါတယ် ” လို့ ပြောပါတယ်။

ဝက်တွေမှာ ဝက်နားရွက်ပြာ ဖြစ်ပွားပါ ခန္ဓာကိုယ်အနီရောင်ပြောင်းလာခြင်း၊ မှိန်းလာခြင်း၊မောဟိုက်လာခြင်း၊ ပူလာခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပြီး ဝက်တွေမှာ ဖြစ်ပွားတက်တဲ့ ရောဂါတွေဟာ ဝက်အချင်း ချင်းသာ ကူးစက်နိုင်ကာ တခြားတိရိစ္ဆာန်နဲ့ လူကို ကူးစက်ခြင်းမရှိပဲ စားသုံးမိပါကလည်း အန္တရာယ်မရှိကြောင်း သိရပါတယ်။

ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားမှုနှုန်းဟာ ဝက်အချင်းချင်းမှာ ကူးစက်မှုမြန်တဲ့အတွက် ရောဂါဖြစ်ပွားတဲ့ နေရာဒေသအတွင်းက ဝက်သားနဲ့ ဝက်ထွက်ပစ္စည်း သယ်ဆောင်မှုတွေကို ယာယီပိတ်သိမ်းမှုတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly