ဂရိမီးဘေးကြောင့် သေဆုံးသူ ၉၁ ဦးရှိလာ

ဂရိမီးဘေးကြောင့် သေဆုံးသူ ၉၁ ဦးရှိလာ

ဇူလိုင် ၃၀ ။                   ။ ဂရိနိုင်ငံ အေသင်မြို့မှာ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၉၁ ယောက်ရှိပြီလို့ မီးသတ်ဌာနက ဒီကနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ် တနင်္လာနေ့က လောင်ကျွမ်းခဲ့တဲ့ မီးဟာ ၁၉၀၀ ခုနှစ်နောက်ပိုင်း ဥရောပမှာ ကြောက်စရာအကောင်းဆုံးတောမီးလောင်ကျွမ်းမှုဖြစ်တယ်လို့ သိရပါတယ်။

မာတီကမ်းစပ်မြို့နားမှာ သေဆုံးနေသူ ၈၇ ယောက်ရှိပြီး ကျန် ၄ ယောက်က ဆေးရုံမှာ သေဆုံးသွားကြတာဖြစ်ပါတယ်။

“သေဆုံးသူ ၅၉ ယောက်ကိုပဲ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ၂၅ ယောက်ပျောက်ဆုံးနေပါသေးတယ်။ ဆေးရုံတက်နေတဲ့လူနာလည်း ၄၅ ယောက်ရှိပါတယ်။”လို့ မီးသတ်ဌာနက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ထုတ်ပြန်ထားပါတယ်။

မီးသတ်သမား၊ ရဲတပ်ဖွဲ့ဝင်တွေဟာ မီးဘေးသင့်ဒေသတစ်ဝိုက်မှာ သေဆုံးဒဏ်ရာရသူရှိမရှိ ဆက်လက်ရှာဖွေလျက်ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly