ဖားကန့် မြေပြိုကျမှု အလောင်း ၂၀ အထိ ဆယ်ယူရရှိထား

ဖားကန့် မြေပြိုကျမှု အလောင်း ၂၀ အထိ ဆယ်ယူရရှိထား
ဓာတ်ပုံ-ဦးယဉ်ထွေး

ဇူလိုင်၂၇ ၊ ဖားကန့် ။            ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ဆိပ်မှုအုပ်စု မမုံကျေးရွာအနီးရှိ ဧရာရတနာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုတွင် ဇူလိုင်လ ၂၇ ရက်အထိ အလောင်း ၂၀ ဆယ်ယူရရှိပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြေပြိုကျမှု ဖြစ်စဉ်မှာ လူပျောက်လာရောက်တိုင်တန်းသူ ၂၇ ဦး ရှိခဲ့ ပြီး ဆယ်ယူရရှိသည့် အလောင်း ၂၀ ရှိပြီဖြစ်သောကြောင့် စာရင်းအရ ၇ လောင်းသာ ကျန်ရှိတော့သည့် ရှာဖွေရေးလုပ်ဆောင်နေသူ တစ်ဦးက ဆိုသည်။

"အစ်ကိုတို့ ရှာဖွေတွေ့ရှိတဲ့ အလောင်းတွေအကုန်လုံး ပိုင်ရှင်လည်း ပေါ်တယ် မနက်ကတည်းက ဌာနဆိုင်ရာ တွေရော အကိုတို့ နာရေးကူညီမှု အသင်းတွေရော ဘယ်နေရာ အလောင်းပေါ်မလဲဆိုတာကို ပတ်ကြည့်နေကြ တယ် "ဟု မမုံကျေးရွာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက ပြောသည်။

မိုးသည်းထန်းစွာရွာသွန်းသည့်အတွက် ဖြစ်ပွားခဲ့ခြင်း ဖားကန့်မြို့နယ် သက်ဆိုင်ရာတာဝန်ရှိသည့် မီးသတ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများမှ အလောင်းများဆယ်ယူရရှိရေးအတွက် နေ့စဉ် လှည့်လည် ကြည့်ရှခြင်းများ အလောင်းဆယ်ယူခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

လုံးခင်းနှင့် ဆိပ်မှုအုပ်စု၌ ဇူလိုင်လ ၁၄ရက်နှင့် ၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် သက်တမ်းကုန် ကျောက်စိမ်း လုပ်ကွက်များအတွင်း မြေစာပြိုကျမှု ပြသနာများအတွက် ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဇူလိုင်လ၂၆ ရက် နေ့က တောင်းဆိုချက် (၆) ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly