ရေကြီးနေသည့် ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုဖြစ်ပွား

ရေကြီးနေသည့် ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုဖြစ်ပွား

ဇူလိုင်၂၇၊ ပဲခူး ။          ။ ရေကြီးရေလျံမှု ဖြစ်ပေါ်နေသည့် ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အပျက်အစီး အဆုံးအရှံးများခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို ဂျူလှိူင်လ ၂၆ ရက် ည ၁၂ နာရီအချိန်က ဖြစ်ပွားခဲ့ပြီး ပဲခူးမြို့နယ်နှင့်သနပ်ပင်မြို့နယ်အတွင်းရှိ သစ်ပင်ကြီးများ လဲပြိုခြင်း၊ ဓာတ်ကြိုးများ ပြတ်ကျခြင်း၊ လမ်းမများတစ်လျှောက် သစ်ကိုင်းများ ကြိုးကျခြင်း၊ နေအိမ်အမိုး သွပ်ပြားများလန်ခြင်းနှင့် နေအိမ်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ည ၁၂ လောက်က ဖြစ်တာ ပဲခူးအထွက် ကမာနတ် က နေ စလိုက် တာမြို့ထဲ ဘုရားလမ် းရုံးကြီးရပ် ကွက် အထိ တစ်တန်းလုံး အိမ် ရာတွေ ဗိမ္မာန် မြို့ခမ်းမ အမိုး တွေလန် တာ မှ အချပ် လိုက် သဘာဝဘေးဆိုတော့လည်း ကံတရား ပေါ့။ ကြံ့ကြံ့ခံ ပြန် မတ် ကြရ မှာပေါ့" ဟု ဒေသခံတစ်ဦးက ဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် သနပ်ပင်မြို့နယ် ကမာနတ်ကျေးရွာတွင် အိမ်ခြေ ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး

လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်ခဲ့သည့် နေရာများကို သက်ဆိုင်ရာ လျှပ်စစ်မှတာဝန်ရှိသူများနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်သူများ လိုက်လံပြုပြင်ရှင်းလင်းနေကြောင်း သိရသည်။

ယခုလက်ရှိ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ မြစ်ရေကြီးမှုကြောင့် ရေကြီးရေလျံမှု ဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly