ရန်ကုန် ဇူလိုင် ၂၆ ။ ။ တရားမဝင် လိင်ကျန်းမာရေးဆေးခန်းဆိုသည့် ဒေါပုံမြို့နယ်မှ Friendly Clinic အမည်ရှိ ပုဂ္ဂလိကဆေးခန်းကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အရေးယူလိုက်ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးအရေးယူခဲ့ခြင်းနှင့်ပတ်သက် ၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးတွင် ဇူလိုင်လ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
လူမှုကွန်ယက်စာမျက်နှာပေါ်တွင် လွန်လွန်ကဲ ကဲကြော်ငြာထားသည်ကို မသင်္ကာသည့်အတွက် ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနဲ့ ရဲတပ်တို့ ပူးပေါင်းပြီး စစ် ဆေးအရေးယူခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းေ ဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောသည်။
"Facebook မှာ Friendly Clinic ဆိုပြီးတော့ Page တစ်ခုထောင်ထားတာရှိတယ်။ အဲဒီ Page ကို ကြည့်တဲ့အခါကျတော့ သူက အလွန်အကျူး ကြော်ငြာထားတယ်၊ အမျိုးသမီးရောဂါ ၊အမျိုးသား ရောဂါ ဘာညာ စသဖြင့် ကြော်ငြာထားတယ်၊ သံသယရှိစရာတစ်ခုလေး သွားတွေ့တာက ထိုင်ဝမ် ဆရာဝန်တွေလည်း ရှိတယ်လို့ ဖြေထားတဲ့ Comment တစ်ကြောင်းသွားတွေ့တယ်၊ ဒီလို နိုင်ငံခြားသားနဲ့ ဆေးခေါ်ကုခွင့်မရှိဘူးလေ၊ အဲဒီ လို သံသယအကြီးကြီးဖြစ်တဲ့အတွက်ကြောင့် ရှောင်တခင် ဝင်စစ်ဖြစ်တာပေါ့" ဟု ရန်ကုန်တိုင်း ဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောသည်။
အဆိုပါဆေးခန်းသည် အမျိုးသား၊ အမျိုးသမီး လိင် ပိုင်းဆိုင်ရာရောဂါများကို ဈေးနှုန်းကြီးမားစွာဖြင့် ကုသပေးနေပြီး ပျောက်ကင်းမှုမရှိသည့် လူနာ များကို တွေ့ရကြောင်း အဆိုပါသတင်းစာရှင်း လင်း ပွဲမှ တာဝန်ရှိသူများက ပြောသည်။
သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ဓါတ်ခွဲခန်းများ၊ တရုတ်စာတမ်းပါ အမည်မသိဆေးဝါးများနှင့် အမျိုးအမည်မသိ ကုသရေးစက်ကိရိ ယာ များကိုလည်း ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည်။
ထို့ပြင် ယင်းဆးခန်းအတွင်းရှိ အခန်းတစ်ခုတွင် ကုသရေးတာဝန်ယူထားရသူဟု ယူဆရသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့်ပတ်သက်သည့် ကဒ်ပြား အချက်အလက်များလည်း သိမ်းဆည်းရမိပြီး Facebook Page က တစ်ဆင့် စနစ်တကျ ဝါဒ ဖြန့်ချိ ကြော်ငြာရန်အသုံးပြုသည့် ကွန်ပျူတာများနှင့် မှတ်စုအချက်အလင်များကို အသေးစိတ်ဆောင်ရွက် ထားသည်လည်း တွေ့ရှိရကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်စဉ်တွင် တရုတ်စကားပြန်အမျိုး သားတစ်ဦးနှင့် ရုံးတာဝန်ခံအမျိုးသမီးတစ်ဦးကို တွေ့ရှိရသော်လည်း ဆေးခန်းပိုင်ရှင်ဖြစ်သူ ဒေါပုံ မြို့နယ်နေ ဦးစန်းလွင်ကို ဖမ်းဆီးရမိခြင်း မရှိသေးဟု ဒေါပုံမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းနိုင်က ပြောသည်။
"ဆေးခန်းကိုဝင်ရှာတဲ့အချိန်မှာ ဒီပုဂ္ဂ္ဂိုလ်က မရှိဘူး။ လောလောဆယ် စုံစမ်းလို့ သိရတာက သူ ဟာ ဒီဆေးခန်းကို တခါတရံမှ လာတယ်ပြော တယ်။ အမြဲတမ်းမလာဘူး။ အလုပ်သမားတွေ တောင် တခါတလေ မမြင်ဖူးဘူး။ အဲဒီဦးစန်းလွင် ဆိုတာကို မမြင်ဖူးဘူး။ အခုကတော့ တာဝန်ခံ အမျိုးသမီးကိုတော့ စစ်ဆေးမေးမြန်းနေတယ်။ ပေါ်ပေါက်လာရင် ဥပဒေအရ ဆောင်ရွက်သွား မှာ ပါ" ဟု ဒေါပုံမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းနိုင်က ပြောသည်။
လက်ရှိအနေအထားတွင် Friendly Clinic ဆေး ခန်းပိုင်ရှင်ကို အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အပြင် ပုဂ္ဂလိကလုပ်ငန်းဆိုင်ရာပုဒ်မများဖြင့်တရားစွဲအရေးယူသွားရန် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
" ဒီလိုကြော်ငြာအားကောင်းကောင်းနဲ့ကြော်ငြာ တိုင်း ပြည်သူလူထုက အယုံမလွယ်ကြပါနဲ့။ မေး မြန်းမယ်ဆိုလည်း နီးစပ်ရာကျန်းမာရေးဝန်ထမ်း တွေကို မေးမြန်းပြီးမှ ကုသမှုခံယူကြဖို့ အထူး မေတ္တာ ရပ်ခံချင်ပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန သည် ပြီးခဲ့သည့်၂၀၁၇ ခုနှစ် မတ်လအတွင်းက လည်း လှိုင်မြို့နယ်ရှိ ရောင်နီဦးဆေးခန်းနှင့် လမ်း မတော်မြို့နယ်ရှိ The Sun Clinic နေဝန်း ဆေးခန်း တို့ကိုလည်း ရှောင်တခင် စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။