ပင်လယ်ဘူးမြို့တွင် ဘိန်းဖြူ ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုး ဖမ်းဆီးရမိ

ပင်လယ်ဘူးမြို့တွင် ဘိန်းဖြူ ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုး ဖမ်းဆီးရမိ

ဇူလိုင်လ ၂၆၊ ပင်လယ်ဘူး ။            ။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လယ်ဘူးမြို့မှာ ငွေကျပ် သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းများအရ သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ မိုးကောင်းရပ်ကွက် ပင်လယ်ဘူး -ကောလင်း ကားလမ်းဘေးရှိ ဒေါ်အေးကြည် (ခ)မတွက်(ခ)အနှောင်း၏ ခြံဝင်းအတွင်းသို့ သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်း နေအိမ် ထဲ၌ သန်းထွန်း၊ကိုဇင်နှင့် ခိုင်စိုးဦးတို့အား တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်းသို့ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေမှုများ ပြလုပ်ရာမှ ဆောက်လုပ်ရေး ပစ္စည်းများထားသည့် စတိုအတွင်း ဘိလပ်မြေအိတ် များပေါ်တွင် ပီနံအိတ်အဖြူအတွင်းမှ မူးယစ်ဆေးဝါး ဘိန်းဖြူဟု ယူဆရသော ဖြူဝါအမှုန့် အလေးချိန် (၁၁) ဂရမ်ခန့်စီပါ ရောင်စုံ ဆပ်ပြာခွက် (၇၅)ခွက် စုစုပေါင်း အလေးချိန် (၈၂၅)ဂရန်ခန့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အမှုတရားခံ သန်းထွန်း၊ကိုဇင်နှင့်ခိုင်စိုးဦးတို့ သုံးဦးကို ပင်လည်ဘူးမြို့မရဲစခန်း မယ(ပ) ၉၅/၂၀၁၈ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)၂၁ အရ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly