အောင်မြင်သူတွေ ဘဝကို ဘယ်လိုဖြတ်သန်းကြသလဲ ရွှေမင်းသား ဖေါင်ဒေးရှင်း တည်ထောင်သူနှင့် တွေ့ဆုံခြင်း

04 September 2015
အောင်မြင်သူတွေ ဘဝကို ဘယ်လိုဖြတ်သန်းကြသလဲ ရွှေမင်းသား ဖေါင်ဒေးရှင်း တည်ထောင်သူနှင့် တွေ့ဆုံခြင်း

ကမ္ဘာ့လူဦးရေရဲ့ ၁၅% ဟာ မသန်စွမ်းသူများဖြစ်ကြပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နာတာရှည်ရောဂါများ၊ မတော်တဆယာဉ်တိုက်မှု၊ အမြင့်မှပြုတ်ကျခြင်း၊ မြေမြှုပ်မှိုင်းနင်းမိခြင်း၊ စိတ်ဝေနာ အဟာရချို့တက်ခြင်း၊ HIV AIDS နဲ့ အခြားကူးဆက်ရောဂါတွေဟာ မသန်စွမ်းမှုရဲ့ အကြောင်းအရင်းများလို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့လို့ လူတိုင်းဟာ မွေးရာပါမဟုတ်ပေမဲ့ တစ်ချိန်ချိန်မှာတေ့ာ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဘဝကို ကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့လည်း လူတော်တော်များများဟာ ဒီအချက်ကို သတိမပြုမိကြ ဘဲနဲ့ မသန်းစွမ်းမှုများကို အမှတ်တမဲ့ရှိနေကြပါတယ်။

မြန်မာနိုင်ငံမှာတော့ မသန်စွမ်းသူများကို ကူညီပေးနေတဲ့ အဖွဲ့အစည်းများထဲမှာ ရွှေမင်သား ဖောင်ဒေးရှင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းကို စတင်တည်ထောင်သူကတော့ ဦးမြသူဝင်းဘဲဖြစ်ပါတယ်။

သူဟာဘဝတူညီအစ်ကိုမောင်နှမများကို ဖေးမကူညီရင်းနဲ့ ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်ရင်းနဲ့ အောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတစ်ပတ် Meet the successful (အောင်မြင်သူများနဲ့ တွေ့ဆုံခြင်း) အစီအစဉ်မှာ ရွှေမင်းသား ဖောင်ဒေးရှင်းရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဦးမြတ်သူဝင်းနဲ့ တွေ့ဆုံ စကားပြောကြည့်ပါမယ်။
 
မွေးလာကတည်းက ဆရာ့မှာ မသန်စွမ်းဘဝနဲ့ မွေးလာခဲ့တယ်ဆိုတော့ ကျောင်းသားဘဝမှာကော ဆရာဘယ်လိုမျိုး စိန်ခေါ်မှုတွေ အခတ်အခဲတွေနဲ့ ကြုံတွေခဲ့ရလဲ။ ကျွန်တော်အဆိုးထဲက အကောင်းပေါ့နော် ကျွန်တော်မသန်စွမ်းဖြစ်ပေမဲ့ ကျွန်တော့်မိဘနှစ်ပါးက ဒီပညာရေးကို အထူးလိုလားတဲ့မိဘနှစ်ပါးကို ရရှိထားတဲ့အတွက် ကျွန်တော် ကံကောင်းတယ်လို့ ပြောရမှာပေ့ါ။
 
ကျွန်တော် မသန်စွမ်းဖြစ်ပြီးဆိုကတည်းက မိဘတွေက  ကျွန်တော်ပညာတတ် တစ်ယောက် ဖြစ်ဖို့ အရမ်းကို သူတို့စိတ်ပြင်းပြတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်ငယ်စဉ်ကတည်းက အရမ်းကို ချူချာပါတယ် တစ်ပါတ်ကို သုံးလေးရက်လောက်ဖျားပါတယ်။
 
ကျောင်းတက်ဖို့ကို ကျွန်တော်ခက်ခက်ခဲခဲရှိခဲ့တယ်။ ကျွန်တော်ဟာ ဒီခေါင်းကစ မထောင်နိုင်ခဲ့ဘူးပေ့ါ သွားရည်အမြဲ တမ်းကျနေတယ်စသည်ဖြင့် ကျွန်တော်ခက်ခက်ခဲခဲရှိခဲ့ပါတယ်။
 
အဲ့တော့ ကျွန်တော်ပုံမှန်ကျောင်းကို အပြည့်မတက်နိုင်ခဲ့ဘူး။ တစ်ပါတ်ကို တစ်ရက်ခြားလောက်ရှိတယ် မနက်ပိုင်းလောက်ကျောင်းတက် ရတာမျိုးတွေ ဒါမျိုးနဲ့ ကျွန်တော်မိဘက ပံ့ပိုးခဲ့ရတယ်ပေ့ါနော်။
 
ကျန်တဲ့အချိန်မှာ အိမ်မှာ စာသင်ပေးခဲ့တာရှိတယ်။ အဲ့ဒီတော့ ကျွန်တော်ဒီမသန်စွမ်းရှောက်တဲ့အခါမှာ ကျွန်တော် ပညာတတ် တစ်ယောက်မဖြစ်ရင် တကယ့်ကို ကျွန်တော့်အနေအထားက လောကကြီးကို ခက်ခက်ခဲခဲ ရင်ဆိုင်ရ တယ်ပေ့ါနော်။
 
ဘာကြောင့်လဲဆိုတော့ ကျွန်တော် ၅ တန်းတက်တဲ့အချိန်မှာ ကျွန်တော် ကွန်ပါဘူး ကိုင်ရတော့မယ်။ အကယ်၍သာ ကျွန်တော် မကိုင်နိုင်ဘူးခဲ့သည်ရှိသော် ကျွန်တော်ရဲ့ ပညာရေးကတော်တော် အခက်အခဲတွေ ရင်ဆိုင်ရမယ်။

ကျွန်တော်အမေက ဆရာဝန်ပါ ပြည်မြို့နယ် ဆရာဝန်ကြီးနဲ့ဘဲ အငြိမ်းစားယူခဲ့တာ ပေ့ါနော် သူဆေးခန်းကနေပြီးတော့ ကန့်လန့်ကာထဲကနေ ကျွန်တော့်ကို ချောင်းကြည့်ပြီးတော့ သိပ်ကို စိတ်လှုပ်ရှားရတဲ့ အကြောင်းကို သူဒဏ္ဍရီတစ်ရေးထားတယ်ပေ့ါ။

ကျွန်တော် ကွန်ပါဘူးကို ကျွန်တော် ပိုင်ပိုင်နိုင်နိုင်ကိုင်ပြီးတော့ သူများကိုလိုဘဲ ဖွင့်တယ် ကိုင်နိုင်တဲ့အခါမှာ ပျော်တော့ ဝမ်းသာလွန်းလို့ ပြေးထွက်ပြီးတော့ ကျွန်တော်အဖေကို သွားပြီးတော့ မျက်ရည်တွေ ကျရတဲ့အ ကြောင်း ဘာကြောင့်လဲဆိုတော့ သူသိပ်ကို စိတ်လှုရှားတယ်ပေ့ါ။
 
ကျွန်တော်ဆိုလိုတာက ဒီ တစ်ခါတစ်လေကျတော့ မသန်စွမ်းဆိုရင် ဖြစ်မှာမဟုတ်ပါဘူး ဆိုပြီးတော့ လူ့အသိုင်းအဝိုင်းတွေ မိဘတွေ ပတ်ဝန်းကျင်တွေက ဒီလိုမျိုး ဆုံးဖြတ်ထား ကြတယ်ပေ့ါနော်။
 
မိဘတွေက စိုးရိမ်ခဲ့ကြပေမဲ့လည်း ငယ်စဉ်ကတည်းက ကြိုးစားခဲ့သူ တစ်ဦးဖြစ်တာကြောင့် ပညာရည်ချွန်ဆုတွေ ရရှိခဲ့တဲ့အထိ ထူးချွန်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။
 မိဘတွေက အများကြီး ထောက်ပံ့ပေးခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲ့တော့ ဆရာ့မိဘနှစ်ပါးက ဘယ်လိုမျိုး စကားတွေနဲ့ တွန်းအားပေးခဲ့လဲ။
 
ကျွန်တော်တို့ အဖေနှင့်အမေက ကျွန်တော်တို့အပေါ်မှာ သွန်သင်တဲ့ နည်းဗျူဟာတွေက တစ်ယောက် နဲ့တစ်ယောက်မတူဘူးပေ့ါနော် ကျွန်တော်တို့ သားသမီးအပေါ်မှာ ချဉ်းကပ်တဲ့အပေါ်မှာ ကျွန်တော့် အဖေကတော့ ကျွန်တော်တို့ကို လက်တွေ့ကျကျနဲ့ တကယ့်ကို အားမန်ပြည့်တဲ့စကားလုံးတွေနဲ့ဆုံးမ တယ်။
 
ဥပမာ လောကဓာန်တရားအကြောင်း ပြောပြတယ်ပေ့ါ။ ကျွန်တော့်တို့ လူ့လောကကြီးက ဘာနဲ့ တူလဲဆို လက်ဝှေ့ကြိုးဝိုင်းကြီးနဲ့တူတယ်ဗျ လက်ဝှေ့ကြိုးဝိုင်းကြီးထဲမှာ ပြိုင်ဘက်ကို ကျွန်တော်တို့ ထိုးမှာဘဲ သူကလည်း ကျွန်တော့်ကိုထိုးမှာဘဲ ကျွန်တော်လည်း သူ့ကိုထိုးမှာဘဲ။
 
သူနိုင်ကိုယ်နိုင် အပြိုင် ထိုးကြမှာဘဲ ထိုးတော့ ကျွန်တော်လဲတဲ့အခါလဲမယ် သူလဲတဲ့အခါလဲမယ် ကိုယ်လဲတဲ့အခါမှာ လဲတိုင်း ရှုံးတာတော့မဟုတ်ဘူးဗျ ပြန်မထနိုင်တာကို ကြောက်ရတယ်ဗျ အဲ့တော့ လောကဒန်နဲ့ ဒီထိုးတဲ့အခါမှာ ပြန်ထနိုင်ဘို့ကြိုးစားရမှာပေ့ါ ပြန်ထနိုင်ဖို့ ဆိုတာ ကိုယ်ခံအားကောင်းရမယ်။
 
သက်လွန်ကောင်းဖို့ ခင်ဗျာ ထိုနည်းတူစွာ ကျွန်တော်တို့ ဒီလူ့လောကကြီးမှာ ရင်ဆိုင်ရတဲ့အခါမှာလည်း ကိုယ်သက်လွန် ကောင်းဖို့ဆိုတာကတော့ ဘာသာရပ်ဆိုင်မှာရော ဇာရိတ္တအကုန်လုံးပါ အပြည့်အဝနဲ့ လောကဒန်ကို ကျွန်တော်တို့က ဘယ်လိုပြောရမလဲဆို အရှုံးပေးစရာမလိုဘူးပေ့ါ ဒီလိုမျိုး ကျွန်တော့်အဖေက ကျွန်တော်တို့ကို ဆုံးမတယ်။
 တက္ကသိုလ်ပညာရေး သင်ယူခဲ့တဲ့ အချိန်က အခြေအနေကိုလည်း ပြောပြပါဦး။

ကျွန်တော့်အဖေက ကျွန်တော့်ကို ပြည်ကောလိပ်မှာဘဲ သူ့မျက်စိအောက်မှာဘဲ ကျောင်းထားစေချင် တယ်။ သင်္ချာမေလ်ဂျာယူစေချင်တယ် ၂ နှစ်ပြီးရင်တော့ ပုသိမ်တက္ကသိုလ်တက်ရမယ်ပေ့ါ။
 
ဒါပြီးရင် အဝေးသင်တက်ရင်တက်ရမယ်ဗျား ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်တော့် သူငယ်ချင်းတွေအားလုံးသည် ဆေးတက္ကသိုလ်တက်တယ်၊ စီးပွားရေး တက္ကသိုလ်တက် တယ် ရန်ကုန်ကိုသွားကြတယ်ဗျ။
 
ကျွန်တော်အရမ်းကို ကျောင်းတက်ချင်တယ် အဲ့ဒီအချိန်မှာ ကျွန်တော့်အမေက ကျွန်တော့်ကို မှတ်တမ်းတင်လောက်တဲ့ စာတစ်ဆောင်အထိ ကျွန်တော့်ဆီမှာ ရှိတာပေ့ါနော် ငါ့သား ကိုယ့်ဘာသာကိုယ်ဆုံဖြတ် ကိုယ်ဆုံးဖြတ်တဲ့အတိုင်း ဖြစ်အောင်လုပ်လို့ အမေကပြောတယ်။
 
ဆုံးလည်းဆုံးဖြတ်တယ် လုပ်လည်းလုပ်တယ် ဖြစ်အောင်မလုပ်ရင်တော့ အလကားဘဲပေ့ါ။ အဲ့ဒီ ဖြစ်အောင်လုပ်တဲ့ စကားက ကျွန်တော့်အမေ အမြဲတမ်းပြောတဲ့စကားလုံးဘဲ ။
 သူငယ်ချင်းတွေကြားထဲမှာ မတူညီကွဲ ပြားမှုကြောင့် ခွဲခြားဆက်ဆံရတဲ့ အဖြစ်အပျက်တွေကော ဆရာကြုံခဲ့ရသလား။
 
ခွဲခြားဆက်ဆံတာမဟုတ်တောင်မှာ အခက်အခဲတွေတော့ ကျွန်တော်အများကြီးကြုံရတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ရဲ့သဘောသဘာဝက နေရာတွေပြောင်းရွေ့ပြီး တက်ရတာရှိတယ်။ အတန်းတွေပြောင်းတက်ရမယ်။ ကျွန်တော်ဟာ အခုမှ ဝှီးချယ်လေးနဲ့တွန်းတယ် အရင်တုန်းက လူနှစ်ယောက်နဲ့ လက်တွဲလမ်းလျှောက်တယ်။

ဆိုတဲ့အခါကျတော့ ကျွန်တော်ရဲ့ ကျောင်းခန်းနဲ့ ကျွန်တော်ရဲ့ ကားရပ်တဲ့နေရာက အရမ်းဝေးတဲ့အခါဆိုရင် ကျွန်တော့်အတွက် အဆင်မပြေဘူး။ ဆိုတော့ ကြိုပြီးတော့ စိတ်ပူတာပေ့ါ အဲ့တော့ ကျွန်တော် တို့ နှစ်ခုခံစားရတယ်ပေ့ါ။ မသန်စွမ်းတွေက အမြဲတမ်း ကူညီမယ်ဆိုတဲ့ လူရှိတောင်မှ ကျွန်တော်တို့က အားငယ်ရတယ်ဗျ၊ အားနားရတယ်။
 
ကူညီပေးပါမယ် လူရှိတောင် ကျွန်တော်တို့ အားနားနေရတယ်ပေ့ါနော်။ အဲ့ဒီတော့ ဒီနေရာကို ကျွန်တော်အမြဲတမ်း သွားဖို့ဆိုတာ မလွယ်ဘူးပေ့ါ။ သူငယ်ချင်းတွေကတော့ ဝိုင်းပွေ့မ ဒါမျိုးတွေလုပ်တယ်။ ဒါပေမဲ့ အခုနက ကျွန်တော်တို့ နှစ်ခုခံစားရတယ်။
 
အားငယ်တယ်၊ အားနာတယ်ပေ့ါနော်။ အခက်အခဲတွေ ပြဿနာတွေ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒါပေမဲ့ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ ကျော်လွှားလို့မရနိုင်တဲ့ပြဿနာမရှိနိုင်ဘူးပေ့ါနော်။ အရှုံးဆိုတာ ကိုယ်ပေးမှရတာပါ။
 
မဖြစ်နိုင်ပါဘူး ဆိုတဲ့ စောစောစီစီလက်လျှော့်ရတဲ့ဟာမျိုး မဖြစ်စေရဘူးပေ့ါ။ ကျွန်တော် အဆင်မပြေတဲ့ဟာကို ကျန်တဲ့လူအဆင်ပြေရင်ပြေနိုင်မယ်။ ကျွန်တော်အဆင်ပြေမယ် သူတို့ အခက်အခဲရှိရင် ရှင်မယ်။ ဒါပေမဲ့ အဖြေမရှိတဲ့ ပြဿနာဆိုတာ မရှိနိုင်ဘူး။ ကျော်လွှားလို့မရနိုင်တဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ အကုန်လုံးက အခက်အခဲကို ကျော်လွှားနိုင်မှု ရှိပါတယ်။
 
ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေအားလုံးဟာ နေ့စဉ်နဲ့အမျှအခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ အရှုံးဆိုတာ ကိုယ်ပေးမှ ရမှာပါ။ ဒါကြောင့်မို့လို့  အခက်အခဲတွေကို ဇွဲမလျှော့ဘဲ ရင်ဆိုင်ဖြေရှင်းနိုင် မှသာ အောင်မြင်သူတစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘယ်လောက်ဘဲ အခက်အခဲတွေရှိနေရှိ နေ ညအမှောင်ကတော့ ရောက်လာမှာဘဲ။ ကျွန်တော်တို့ မပြီးသေးလို့ နေမင်းကြီးရယ်မဝင်ပါနဲ့ဦးလို့ သွားတားလို့မရဘူး။ သူဟာသူ အချိန်တန် ရင်ပြောက်သွားမှာဘဲ။ နက်ဖြန်အတွက် ကျွန်တော်အဆင့် သင့်မဖြစ်သေးလို့ နေမင်းကြီးမထွက်ပါနဲ့ဦး သွားတားလို့မရဘူး သူထွက်လာမှာဘဲ သဘာဝကြီးက သွားနေမှာဘဲ။

ကျွန်တော်တော့ ဒီအထဲမှာ အလျင်မှီအောင် ရုန်းကန်နိုင်ဘို့ဘဲ လိုတယ်။ အဲ့တော့ ကိုယ့်ပြဿနာကိုယ် ဇာချယ့်နေရင်လဲ မပြီးဘူးပေ့ါဗျာ။ ဒါကျွန်တော်တို့သည် လုံးဝရှင်းပါတယ်။ သာမန်လူတွေနဲ့ယှဉ်ကြည့် လိုက်ရင် အခက်အခဲအများကြီးဆိုတာ ဆရာတို့ ရိပ်မိမှာပေ့ါ။

ကျွန်တော် ဘယ်လောက်ဘဲ ပြည့်စုံနေပြည့်စုံနေ သူများအကုန်လိုက်လုပ်ပေးနေရတယ်။ ဆရာမြင်တဲ့အတိုင်းဘဲ။ ကျွန်တော်ရေသောက်ရင် တစ်ယောက်က ပြေးလာတိုက်ပေးရင်ရတယ်။ ကိုယ့်ဟာကိုယ်သောက်ချင် တာပေ့ါဗျာ။ ကိုယ်မစားဘဲနဲ့ သူလာတိုက်ရင် တိုက်မယ်ဟုတ်လား။

နည်းနည်း စားနေရင်းနဲ့လည်း သူတိုက်ချင်မှ တိုက်မယ် ဒါမျိုးပေ့ါနော်။ အဲ့ဒီတော့ မသန်စွမ်းတွေအားလုံးမှာ အခက်အခဲတွေ ကိုယ်စီရှိတယ်။ ကျွန်တော်တို့ မတူကွဲပြားတဲ့အခါမှာ ကျန်တဲ့လူတွေနဲ့စာရင်တော့ အဆပေါင်းများစွာ ကျွန်တော်တို့ အားထည့်ပြီးတော့ ရုန်းကန်ရတာတော့ အမှန်ပဲဗျာ။

ဆရာတည်ထောင်ထားတဲ့ ရွှေမင်းသား ဖေါင်ဒေးရှင်းနဲ့ ပတ်သက်ပြီး ပြောပါဦး။

ဒါနာဂစ်ပြီးပြီးချင်း လုပ်ခဲ့တဲ့ ကိစ္စပေ့ါနော်။ ရွာမှာဗျား နာဂစ်တုန်းက ညီလေးတို့လည်း တွေ့လိမ့်မယ်။ ညနေဘက် မိုးများအုပ်အုပ်ဖြစ်လာရင် သူတို့ကြောက်လန့်နေတယ်။ ကျွန်တော့်တပည့်တွေ ကျွန်တော့်ကို ကားပေါ်အတင်း ဆွဲထည့်လိုက်တယ်။ ကားထဲက ကျွန်တော် မကြောက်ဘူး ကြည့်နေတယ် လူတွေက တောင်ပြေးလိုက်မြောက်ပြေးလိုက်ဗျာ။

သူတို့မှာ ဒါမျိုးဖြစ်ရင် ဘယ်လိုပြေးရလွှားရမယ်ဆိုတဲ့ ပညာလည်းမရှိဘူး။ ပြေးလွှားနေတာ ကျွန်တော်လေ ကိုယ့်လူမျိုးအတွက် ကျွန်တော်ရင်ကျိုးမရဖြစ်တယ်။ ကျွန်တော့်မျက်စိရှေ့မှာတင်ဘဲ။ အဲ့ဒီအခါမှာ ကျွန်တော်တို့က ရွာတွေသွားတဲ့အခါမှာ မသန်စွမ်းရှိတဲ့ရွာတွေ ကျွန်တော်သွားတယ်။

ကိုယ်ဟာကိုယ်တောင် ဒီလိုမိုးတွေချုန်းပြီး လေတွေတိုက်နေတာ ဘယ်လောက်ထိပ်လန့်နေတဲ့ အချိန်မှာ မသန်စွမ်းတစ်ယောက်က ဘယ်လောက်ထိပ်လန့်မလဲ စဉ်းစားကြည့်ပေ့ါဗျား။ ဘာဘဲပြောပြော မသန်စွမ်းလုပ်နေတယ်ဆိုတာ ကိုယ့်ဘဝတူတွေ လုပ်နေတာပေ့ါဗျာ။ ကျွန်တော် မသန်စွမ်းကိစ္စကို ဆယ်စုနှစ်တစ်ခုလောက် လုပ်ဖြစ်တယ်။

ကျွန်တော့်မှာ ကလေးလေးတွေရှိတယ်။ ကလေးသူငယ်လုပ်မယ်ဆိုတာ ကျွန်တော်စဉ်းစားခဲ့တာ။ တကယ့်ဒီမသန်စွမ်းတစ်ခုထဲပင် ကျွန်တော် တစ်သက်လုံးပြီးသွားနိုင်မလား။

ကျွန်တော်တစ်သက်လုံးလုပ်လဲ ဒီမသန်စွမ်းကိစ္စက ပြီးသွားနိုင်မှာမဟုတ်ဘူး။ အဲ့တော့ ကျွန်တော်ဒါကြောင့် ရွှေမင်းသားဖောင်ဒေးရှင်း မြန်မာကို ကျွန်တော် ထူထောင်ပြီးတော့ တစိုက်မတ်မတ် ဒါကိုကျွန်တော် ပို့ကဒ်ထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဆရာ့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီလည်း ပြောပြပါဦး။

ကျွန်တော်စီးပွားရေးလုပ်တော့ ကျွန်တော့်အဖေက ဘာပြောလဲဆိုတော့ မလုပ်စေချင်ဘူးဗျ။ ကျွန်တော့်ကို လူတွေ ဝိုင်းနှိမ်မယ်လို့ဘဲ သူကယူဆတယ်။ ကျွန်တော် အရှုံးပေးရလိမ့်မယ်လို့ ယူဆတယ်။ ကျွန်တော်မွဲသွားလိမ့်မယ်လု့ ယူဆတယ်။

အဲ့ဒီတော့ စီးပွားရေးသမား ကျွန်တော်တို့က ဝန်ထမ်းမိသားစုကိုး ကျွန်တော်ဒါပေမဲ့ စီးပွားရေး လုပ်တဲ့အချိန်မှာ ဘာဘဲလုပ်လုပ် ကျွန်တော် ဝန်ဆောင်မှု လုပ်ငန်းတွေလုပ်တယ်ဗျ အဲ့ဒါကြည်ရတာက မသိစိတ်က လူတိုင်းက ကျွန်တော်ကို လုပ်ကိုင်ပေးနေရတဲ့အခါမှာ မသိစိတ်က လူကိုကျွန်တော်ပြန်ကူညီပေးချင်တဲ့စိတ်က သူဟာသူ မွေးဖွားလာပြီးသား။

ကျွန်တော့်ရဲ့ ဝန်ဆောင်မှုလုပ်ငန်း အိမ်ခြံမြေလုပ်တယ်၊ မီဒီယာလုပ်တယ်။ ကျွန်တော်က ဒီတိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ ကြည့်တဲ့အခါမှာ ကျွန်တော်တို့တိုင်းပြည်မှာ လုပ်စရာတွေအရမ်းများ လွန်းအားကြီးပါတယ်။

လူတိုင်း ပြောတိုင်း ထီးဖြူဖိနပ်ပါး ပွဲစားအလုပ်ကို ကျွန်တော်က ဟိုကနေ ဒီနားအထိမတော့ သူများမပေးရတဲ့ ကောင်းက ဘယ်လိုရောက်အောင်လုပ်သလဲ။ ကျွန်တော်ဦးနှောက် ရှိတယ်လေး။ ခေါင်းရှိတယ်။ ကျွန်တော့်မှာ တီထွင်ကြံဆမှုရှိတယ်။ စဉ်းစားတွေးခေါ်နိုင်မှုရှိတယ်။

ဒါပေမဲ့ ကျွန်တော်အဓိက အိမ်ခြံမြေ လုပ်တယ်ပေ့ါနော်။ 1996 မှာ ကျွန်တော်က အဲ့ဒီတုန်းက အိမ်ခြံမြေနဲ့ ပတ်သက်လို့ ကျွန်တော် ကြော်ညာအားတွေ အများသုံးရတယ်။ အားလုံးက နောက်လုပ်ငန်း တစ်ခုကို ချယ့်မယ်ဆိုတဲ့အခါမှာ ကိုယ့်ရဲ့ ကျွန်တော်လုပ်ငန်းနဲ့ တစ်ခုနဲ့တစ်ခု အမြဲတမ်းနွယ်နေတာ များပါတယ်။

ကျွန်တော်မီဒီယာလုပ်တယ်ဆိုတာ တစ်ခြားမီဒီယာတွေကို သုံးရမယ့် အသုံးစရိတ်တွေကို ကိုယ့်မီဒီယာနဲ့ကိုယ်ဘဲ ကျွန်တော်ထိုးဖောက်မယ်ဆို ကျွန်တော်မီဒီယာလုပ်ငန်းကို ၁၉၉၆ မှာ ကျွန်တော်တို့ အယ်စထူထောင်ခဲ့တယ်။

အိမ်ခြံမြေလုပ်ငန်းတော့ တကယ်စလုပ်တာတော့ ၁၉၉၀ လောက်က စလုပ်တယ်ပေ့ါ။ ကုမ္ပဏီထောင်တာကတော့ ၁၉၉၃ မှာ ထောင်တယ်။ ၉၆ မှာတုန်းက မီဒီယာလုပ်ငန်းကို ကျွန်တော်စလုပ်တယ်။
ဘာဘဲလုပ်လုပ် ကျွန်တော်ဒီ ဆားဗစ်ပေးတဲ့လုပ်ငန်းကို ကျွန်တော်ဝါဿနာပါတယ်ဗျ။ ဘာလဲဆိုတော့ ကျွန်တော်မီးရတယ်ဗျား ဒီမီးလင်းနေတယ် ဒါလည်း ဆားဗစ်ပေးတာဗျ။ မီးပေးတဲ့လုပ်ငန်းမရှိဘူးဆိုရင် ကျွန်တော်တို့ မှောင်မှောင်မဲမဲနဲ့နေရမှာပေ့ါ။

မသန်စွမ်းသူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနေတယ်လို့လည်း သိရပါတယ်။

ကျွန်တော်တို့ ဒီမသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးဖို့လေး ကျွန်တော်တို့က ဒါတွေကို အစဉ်တစိုက်လုပ်တဲ့အခါမှာ အားနားလို့ သနားလို့ အလုပ်ခန့်တာမဟုတ်ဘဲနဲ့ကို ကျွန်တော်တို့ကို လေးလေးစားစားနဲ့ တန်ဖိုးထားတယ်။

တန်းဖိုးထားပြီးတော့ ကမ်းလှမ်းတော့ ကျွန်တော်တို့က ဒါရွေးချယ်ပြီးတော့ ဒီ NOVOTEL ဟိုတယ်ကို ကျွန်တော်တို့ အလုပ်အကိုင်အခွင့်အလမ်းတွေရအောင် ဖန်တီးပေးရတာပေ့ါနော်။ ကျွန်တော်တို့ကို ကမ်းလှမ်းတော့ Traing ပြန်ပေးပြီးတော့ ဒီကိုပြန်ပို့ပေးရတာပေ့ါနော်။
 ဘဝတစ်လျှောက်မှာ ကြိုးစားနေဆဲအချိန်ကာလမှာ ဘဝမှာ ဘာမှဆက်မလုပ်ချင်လောက်အောင် စိတ်ဓာတ်ကျသွား ခဲ့တဲ့အဖြစ်အပျက်မျိုးတွေကော ကြုံခဲ့ရသလား။

ဘာမှမလုပ်ချင်လောက်အောင်တော့ စိတ်ဓာတ်မကျပါဘူးဗျ။ ဒါပေမဲ့လည်း ငါဆက်လုပ်လို့ဖြစ်ပါ့ မလားလို့ တွေးတဲ့အနေအထားတွေကိုတော့ ခဏခဏ ကျွန်တော်ရောက်တယ်ပေ့ါ။

ဥပမာ ကျွန်တော်တို့ ဆီမှာ ဝန်ထမ်းတွေမမြဲဘူးပေ့ါ။ အရည်အသွေးမြင့်တဲ့ ဝန်ထမ်းတွေမွေးထုတ်ဖို့က အရမ်းခက်ခဲ့တယ်။ ငွေရေးကြေးရေး မတည်ငြိမ်တာရှိတယ်၊ နောက်အချင်းချင်းမှာ ခနခန ဘယ်လိုခေါ်မလဲ မရိုးမသားလုပ်တဲ့ လုပ်ငန်းတွေက ဒီမှာအရမ်းများတယ်ဗျာ၊ ဆိုတော့ ဒါတွေလည်ကြုံတယ်ဗျ။

မသန်စွမ်းတစ်ယောက်ရဲ့ အခြေအနေပေါ်မှာ အခွင့်ကောင်းယူပြီးတော့ အားနည်းချက်ကို နင်းသွားတဲ့၊ ဒုက္ခပေးသွားတဲ့၊ ပြဿနာလုပ်သွားတဲ့ အဖွဲ့တွေအများကြီးရှိသလို၊ ဒီမသန်စွမ်းဖြစ်တဲ့အတွက်ကြောင့် ဝိုင်းဝန်းကူညီစောင်မတဲ့ အားသာချက်တွေလဲ ရှိတာပေ့ါနော်။

အဲ့တော့ ခဏခဏတော့ ကျွန်တော်က ဆက်လုပ်လို့ရပါ့မလား ဒီပြဿနာက ဘယ်လောက်ကြီးနေလဲ ဆိုရင် ဘယ်လိုလုပ်ရင် ဆက်လုပ်လို့ဖြစ်မလဲဆိုတဲ့ ဟာကိုဘဲ ကျွန်တော်တွေးတာပေ့ါ ဒါပေမဲ့ လုံးဝကြီး လက်မြှောက်လောက်အောင် မရှိပါဘူး။

စိတ်ညစ်နေတဲ့အခါ စိတ်ဓာတ်ကျနေတဲ့အခါမှာ ဘယ်လိုမျိုးစိတ်ကို မွေးမြူပြီးတော့ ဘဝကို အော်မြင်အောင်ကြိုးစား ခဲလဲ။

ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ ကျွန်တော်က လုပ်ငန်းခွဲတွေများတဲ့အခါမှာ ဒီလုပ်ငန်းမှာ သိပ်ကြီးမားတဲ့ ပြဿနာဖြစ်လို့ရှိရင် ကျွန်တော်က နောက်လုပ်ငန်းတစ်ခုကို ဥပမာ ယနေ့ဒီအလုပ်ကိုလုပ်နေတယ် လုံးဝကိုမလုပ်ချင်တော့ဘူး နောက်တစ်ခုပြောင်းပြီးတော့ ကျွန်တော့်ရဲ့ နားနေခြင်းဟာ အလုပ်တစ်ခုပြီးတစ်ခုကို ကျွန်တော်က ရွေ့ပြောင်းလုပ်တဲ့ ဟာဘဲပေ့ါနော်။

အဲ့ဒီတော့ ဒီလိုမျိုး လုံးဝရပ်တည်ပြီးလို့ခက်ခဲလောက်အောင် ကြုံလာတဲ့ အခါတိုင်းအခါတိုင်းမှာ ကျွန်တော်ဘာတွေ့တယ်ဆိုတော့ ဘားမှမတည်ငြိမ်ဘူး၊ ဘားမှ မတည်မြဲဘူး၊ အောင်မြင်ခြင်းလည်းမတည်မြဲဘူး၊ ကျရှုံးခြင်းလည်းမတည်မြဲဘူး။ ကျွန်တော်အောင်မြင် လဲပဲ နောက်နေ့ပါချင်မှပါမယ်။

ဒါပြဿနာ အမြဲတမ်းပြဿနာမဟုတ်နိုင်ဘူး။ ဒီထက်ကြီးတဲ့ ပြဿနာ လာချင်လာမယ်၊ ဒီလောက်မကြီးတဲ့ ပြဿနာလာချင်လာမယ် ဒီပြဿနာတစ်ခုတည်းအပေါ်မှာ ကျွန်တော်ဟာ အာရုံဆူးစိုက်ပြီးတော့ ဒီပေါ်မှာဘဲ ကျွန်တော်တို့က ခံစားနေမယ်ဆိုရင် ကျွန်တော် ဆက်လုပ်ဖို့မဖြစ်တော့ဘူး။

အဲ့ဒီတော့ ကျွန်တော်ဒီဘာသာရေးအရလည်းပြောရရင် ဘယ်အရာမှ မတည်မြဲဘူး၊ ဒါကြောင့် ဒီပြဿနာရဲ့အဖြေရှိကိုရှိမယ်။ ဒီပြဿနာကို ကျွန်တော်ကျော်လွှားနိုင်ရမယ် ဒီထက်ကြီးတဲ့ ပြဿနာလာခဲ့ရင် ဒီထက်သေးတဲ့ပြဿနာဖြစ်သွားနိုင်တယ်။

ယနေ့ဟာ ကျွန်တော်ဟာ သေလုမျှော်ပါးဖြစ်နေပေမဲ့ နောက်နေ့နံနက်မှာ ဒီပြဿနာသေးသေးလေးဖြစ်သွားနိုင်တာပေ့ါနော်။ ဒီလိုမျိုးအတွေးအခေါ်တွေနဲ့ ဒါတွေကိုကျော်လွှားနေရတာပေ့ါနော်။

အောင်မြင်ကြိုးစားနေတဲ့ သူတွေရှိသလို မအောင်မြင်လို့ စိတ်ဓာတ်ကျနေတဲ့ လူလည်းရှိမှာပါ အဲ့ဒီလို လူမျိုးတွေအတွက်ကော ဆရာအနေနဲ့ ဘယ်လိုမျိုးအားပေးစကားပြောချင်လဲ။

အလုပ်လုပ်ရင် ကျွန်တော့်တပည့်တွေကပြောပါတယ် လုပ်တိုင်းဖြစ်ရင် မင်းတို့ကွား အောင်မြင်မှုဆိုတာ လွယ်လွယ်လေးပေါ့နော်။ အမှန်တကယ်တော့ အောင်မြင်မှုဆိုတာ ခက်သလားဆိုတော့ မခက်တော့မခက်ဘူးကွ ဒါပေမဲ့ လွယ်တော့မလွယ်ဘူးပေ့ါ။

အဲ့ဒီတော့ ရေးတွင်းတူးသလိုပေါ့ဗျား ပေ ၁၀၀ ရောက်ရင် ရေထွက်မယ်။ ၉၉ ပေအထိ တူးပြီးတဲ့အခါမှာ ရေမထွက်တော့ပါဘူး ဆိုပြီးတော့ ခြေကုန်လက်ပန်းကျပိုးလိုးပလဲ့အလျှော့ပေးလိုက်ရင် နောက် ၁ ပေ မှာ ရေထွက်တော့မယ် နောက် ၁ ပေထိအောင်ဆက်တူးပါ။

ကျွန်တော်အခုနလည်းပြောခဲ့တယ် အောင်မြင်မှုတွေဟာ ကျွန်တော်တို့ လက်တစ်ကန်းမှာ ရှိတယ်။ အခွင့်အရေးတွေ အခွင့်အလမ်းတွေ ကျွန်တော်တို့ လက်တစ်ကန်းမှာရှိတယ်။ ၉၉ ပေ ဆယ်ခါပြောင်းတူရင် ပေ ၉၉၀ ဖြစ်သွားတယ်။ ဒါပေမဲ့ ရေမထွက်ဘူး။ နောက် ၁ ပေ ထွက်မယ့်ဟာကို ဘာလို့မစောင့်နိုင်တာလဲနော်။

ယနေ့ မအောင်မြင်တော့ဘူးပြောလို့ အဲ့လိုသာ ဆုံးရှုံးတိုင်းသာ၊ အခက်အခဲရှိတိုင်းသာ ခြေကုန်လက်ပန်းကျပြီးတော့ အလျှော့ပေးလိုက်ရင် ကမ္ဘာမှာအောင်မြင်တဲ့သူတောင်မရှိဘူး။

အောင်မြင်နေတဲ့ဆိုတဲ့ လူတွေတိုင်းသည် အခက်အခဲတွေ ပြဿနာတွေ မင်းတို့ထက်မြောက်များစွာ ကို ရင်ဆိုင်ပြီးတော့ ကျော်လွှားနိုင်ခဲ့လို့ ဒီအောင်မြင်တဲ့နေရာကို ရောက်တယ်ဆိုတာကို ကျွန်တော်သူတို့ကို ပြောချင်ပါတယ်။

Mizzima Weekly