ဂရိတွင် တောမီးလောင်ရာ၌ အနည်းဆုံး လူ ၂၀ သေဆုံး

ဂရိတွင် တောမီးလောင်ရာ၌ အနည်းဆုံး လူ ၂၀ သေဆုံး

အေသင်၊ ဇူလိုင် ၂၄ ။                    ။ ဂရိနိုင်ငံ အေသင်မြို့ဝန်းကျင်က သစ်တောနယ်မြေနဲ့ ကျေးရွာတွေတစ်လျှောက်မှာ တောမီးလောင်ကျွမ်းရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော်ထက်မနည်း ဒဏ်ရာရပါတယ်။

ဇူလိုင် ၂၄ ရက် အစောပိုင်းမှာ ကမ်းခြေနယ်မြေတွေမှာ သောင်တင်နေတဲ့ ဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ ရုတ်ခြည်းရွှေ့ပြောင်းပေးနေရပါတယ်။

သေဆုံးသူ အများစုဟာ အေသင်မြို့က ၂၅ မိုင် ဝေးတဲ့ မာတီ ပင်လယ်ကမ်းခြေအရပ်မှာ ဖြစ်ပြီး အိမ်တွေနဲ့ ကားတွေအတွင်း သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ အစိုးရ ပြောခွင့်ရသူ ဒီမီထရီဇန်နာကိုပေါလို့စ်က ဆိုပါတယ်။

ဒဏ်ရာရသူတွေမှာ ဆယ့်တစ်ဦးက စိုးရိမ်ရပြီး ကလေး ၁၆ ဦးလည်း ဒဏ်ရာရကြောင်း ၎င်းက ပြောပါတယ်။

အေသင်အရှေ့ဖက် ၄၀ ကီလိုမီတာအကွာက ရာဖီနာကမ်းခြေမြို့ကတော့ အဆိုးဆုံးပဲဖြစ်ပြီး သတင်းသွားရောက်ယူတဲ့ အေအက်ဖ်ပီသတင်းထောက်ဟာ ကားနဲ့ မော်တော်ဆိုင်ကယ်တွေအောက်မှာ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းလေးလောင်းကို တွေ့ရှိခဲ့ပါတယ်။

ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ရေး အာဏာပိုင်တွေက အပူတပြင်း ကြိုးစားနေပြီး နောက်ထပ် သေဆုံးဒဏ်ရာရသူတွေကိုလည်း ဆက်လက်ရှာဖွေလျက်ရှိနေပါတယ်လို့ ဒီမီထရီက ပြောပါတတယ်။

ရာဖီနာဆိပ်ကမ်းမှာ မီးဘေးဒုက္ခသည်တွေကို ကင်းလှည့်ရေယာဉ်ကိုးစီး၊ စစ်ရေယာဉ်နှစ်စီးနဲ့ ပုဂ္ဂလိကစက်လှေ ဒါဇင်များစွာနဲ့ ရွှေ့ပြောင်းပေးနေရာမှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ အကူအညီပေးနေပါတယ်။

ရွှေ့ပြောင်းပေးသူတွေကို ဟိုတယ်တွေနဲ့ စစ်အခြေစိုက်စခန်းတွေဆီ ပြောင်းရွှေ့နေရာချထားပေးထားကြောင်း သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly