ဇူလိုင် ၂၀ ။ ။ ပြီးခဲ့တဲ့ ဧပြီလမှာ အကျင့်ပျက်ခြစားမှုနဲ့ ၂၄ နှစ်ထောင်ကျခံထားရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hye ဟာ နိုင်ငံ့သူလျှိုအေဂျင်စီရဲ့ ငွေတွေကို တရားမဝင်ရယူခဲ့တဲ့အတွက် ထောင်ဒဏ် ၈ နှစ် ထပ်မံကျခံရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က Park ဟာ NIS အဖွဲ့ဆီကနေ ၃ ဘီလီယံဝမ် ရယူခဲ့တာဖြစ်ပြီး နိုင်ငံ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခဲ့တာဖြစ်ပါတယ်လို့ တရားသူကြီး Seong Chang-ho ကပြောပါတယ်။
သူလျှိုအေဂျင်စီကနေ ၃.၃ ဘီလီယံဝမ် (ဒေါ်လာ ၂.၉ သန်း) ရယူခဲ့တဲ့ပြစ်မှုအတွက် ထောင်ဒဏ် ၆ နှစ်၊ ရွေးကောက်ပွဲမသမာမှုအတွက် ထောင်ဒဏ် ၂ နှစ်အဖြစ် ဆိုးလ်ဗဟိုတရားရုံးက စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။
အဆိုပါတရားစီရင်ချက်အရ ၆၆ နှစ်အရွယ် တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hye ဟာ စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ် ကျခံရမှာဖြစ်ပါတယ်။