ဘရာဇီးမှာ ကား ၁၀ စီး ဆင့်တိုက်၊ လူ ၈ ဦး သေဆုံး

ဘရာဇီးမှာ ကား ၁၀ စီး ဆင့်တိုက်၊ လူ ၈ ဦး သေဆုံး

ဇူလိုင် ၁၇ ။  ။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းက Minas Gerais ပြည်နယ်မှာ ဇူလိုင် ၁၆ ရက်က ကား ဆယ်စီး ဆင့်တိုက်မှု ဖြစ်ပြီး အနည်းဆုံး လူရှစ်ဦး သေဆုံးကာ ၅၂ ဦး ထိခိုက်ဒဏ်ရာတွေ အသီးသီး ရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ ကားတွေ စုပြုံပြီး ဆင့်တိုက်မိမှု ဖြစ်စဉ်မှာတော့ ကားငယ် ငါးစီး၊ ထရပ်ကား လေးစီးနဲ့ ဘတ်စ်ကားတစ်စီး တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ပြည်နယ်ရဲ့ မြို့တော် Belo Horizonte ကနေ ကီလိုမီတာ ၄၇၀ အကွာ Francisco Sa ဒေသအနီး အမြန်လမ်းမတစ်ခုပေါ်မှာ ယင်း ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ ပါဝင်တဲ့ ဆီသယ်ထရပ်ကား တစ်စီး မီးလောင်ကျွမ်းခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို မီးသတ်သမားတွေ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီလုပ်ကိုင်ခဲ့ပြီး သေဆုံးသူ ဦးရေ ထပ်မံ မြင့်တက်လာနိုင်ဖွယ် ရှိသေးတယ်လို့လည်း သိရပါတယ်။

ယခုလို ကား အမြောက်အမြား ဆင့်တိုက်မိခြင်းရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly