၂၄ နာရီအတွင်း စီရော်နယ်လ်ဒို CR7 ဂျာစီ ရောင်းချမှုမှ ဂျူဗင်တပ်စ်အသင်း ဒေါ်လာသန်း (၆၀) ကျော် ဝင်ငွေရရှိ

၂၄ နာရီအတွင်း စီရော်နယ်လ်ဒို CR7 ဂျာစီ ရောင်းချမှုမှ ဂျူဗင်တပ်စ်အသင်း ဒေါ်လာသန်း (၆၀) ကျော် ဝင်ငွေရရှိ
Photos: AFP, EPA

ပြီးခဲ့တဲ့အပတ်က ရီးယဲလ်မက်ဒရစ်ရဲ့ မီဂါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အီတလီကလပ် ဂျူဗီတပ်စ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၁၁၂ သန်းနဲ့ အသင်းကနေ ထွက်ခွာသွားတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါက ကစားသမားဘဝ အဆုံးသတ်ချိန်နီးလာတဲ့ ကစားသမားတစ်ဦးအတွက် ငွေကြေးမြောက်များစွာ အသုံးပြုတယ်လို့ ထင်ရပေမယ့် ရော်နယ်လ်ဒိုက ကစားသမားတစ်ယောက်ဆိုတာထက် ပိုပါတယ်။

သူက အမှတ်တံဆိပ်ဖြစ်တယ်။ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်တော့မယ့် ကစားသမားရဲ့ သတင်းတွေက ကမ္ဘာ့အနှံ့ ပရိသတ်တွေ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

စီရော်နယ်လ်ဒိုရဲ့ စတားပါဝါက ဒီအပတ်မှာ အီတလီသတင်းဌာနက သတင်းတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ ရော်နယ်လ်ဒိုရဲ့ လက်မှတ်ပါတဲ့ ဂျူဗင်တပ်စ် ဂျာစီတွေဟာ အွန်လိုင်းပေါ်မှာ ၂၄ နာရီအတွင်း ၅၂၀,၀၀၀ ထည်ကျော် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါက ကစားသမားအနေနဲ့ အသင်းအတွက် တစ်ပွဲတောင်မကစားသေးရပဲ ရောင်းချခဲ့ရတာလည်းဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ CR7 ဂျာစီအကျီၤကို ၁၀၅ ယူရို (အကြမ်းဖျင်း ဒေါ်လာ ၁၂၃)နဲ့ ရောင်းချပေးနေတာပါ။ ဒါ့ကြောင့် ဂျူဗင်တပ်စ်အသင်းက တစ်နေ့တည်း ယူရို ၅၄ သန်း (အကြမ်းဖျင်း ဒေါ်လာ ၆၃ သန်း) ဝင်ငွေရရှိခဲ့ပြီးဖြစ်ပါလိမ့်မယ်လို့ ဆိုလိုပါတယ်။

ဒါက ရော်နယ်လ်ဒိုရဲ့ စတားပါဝါ ကျော်ကြားမှုက ဘယ်လောက်ရှိတယ်ဆိုတာ ပြသရာရောက်တဲ့အပြင် အသင်းရဲ့ လူမှုကွန်ရက်ဟာလည်း ကစားသမားကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း တဟုန်ထိုး မြင့်တက်လာပါတယ်။

Ref; Highsnobiety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly