ဆာရီကိုနည်းပြသစ်အဖြစ် ချယ်လ်ဆီးအသင်း တာဝန်ပေး

ဆာရီကိုနည်းပြသစ်အဖြစ် ချယ်လ်ဆီးအသင်း တာဝန်ပေး

 

ဇူလိုင် ၁၄၊ လန်ဒန်။         ။ မော်ရီဇီယို ဆာရီသည် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကွန်တီ၏နေရာ၌ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာခဲ့ပြီဖြစ်သည်။ ပရီးမီးယားလိဂ် နှင့် အက်ဖ်အေဖလားရရှိခဲ့သည့် ကွန်တီသည် ချယ်လ်ဆီးကို နှစ်နှစ်ကြာကိုင်တွယ်ပြီး သောကြာနေ့တွင် ထွက်ခွာသွားခဲ့သည်။

ဆာရီသည် စီးရီးအေတွင် နာပိုလီအသင်းကို သုံးနှစ်ကြာကိုင်တွယ်ပြီးနောက် ထွက်ခွာခဲ့သူဖြစ်သည်။ ၎င်း၏နေရာတွင် ချယ်လ်ဆီးနည်းပြဟောင်း အန်ဆလော့တီက မေလတွင် တာဝန်ယူခဲ့သည်။

ဆာရီက “ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ဆီ ရောက်လာခဲ့ပြီဖြစ်လို့ ဝမ်းသာပါတယ်။ ကျွန်တော့်နည်းပြဘဝမှာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အချိန်ပါပဲ။

သြစတြေးလျခရီးစဉ်မတိုင်မီ တနင်္လာနေ့မှာ ကစားသမားတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး အသင်းအကြောင်းနဲ့ ပွဲတွေအကြောင်း သိနိုင်မှာ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဖျော်ဖြေမှုပေးနိုင်ပြီး ရာသီကုန်မှာ အသင်းနဲ့ထိုက်တန်တဲ့ ဆုဖလားတွေရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ဆာရီသည် ချယ်လ်ဆီးအသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly