မော်ဒယ် ဟေလီဘတ်ဝင်းနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ ဂျက်စတင်းဘီဘာ

မော်ဒယ် ဟေလီဘတ်ဝင်းနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ ဂျက်စတင်းဘီဘာ

အဆိုတော် ဂျက်စတင်းဘီဘာဟာ မော်ဒယ် ဟေလီဘတ်ဝင်းနဲ့ ခု စနေတနင်္ဂနွေမှာ စေ့စပ်လိုက်တယ်လို့ ဂျက်စတင်းဘီဘာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က စီအင်န်အင်န်ကို အတည်ပြုလာပါတယ်။

မကွာပြဲကြခင် ၂၀၁၆ ခုနှစ်အတွင်း စုံတွဲခုတ်ခဲ့ဖူးခဲ့ကြတဲ့ ဒီစုံတွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အတူတူ သွားလာကြတာတွေ ရှိလာပြီး ပရိသတ်တွေကြား သူတို့နှစ်ဦး ပြန်တွဲနေကြပြီလို့ ထင်မြင်ထားခဲ့ကြတာလည်းပဲ ဖြစ်ပါတယ်။

ဘာဟာမားမှာ သူတို့ကို တွဲလျက် တွေ့ရတာတွေလည်း လူမှုမီဒီယာတွေမှာ ပို့စ်တင်ဖော်ပြခဲ့ကြပါတယ်။

ဂျက်စတင်းဘီဘာရဲ့ ဖခင်ဖြစ်သူဟာလည်း သူ့ရဲ့ အင်စတာဂရမ်မှာ ဂုဏ်ယူကြောင်းနဲ့ နောက်ထပ် စိတ်လှုပ်ရှားစရာ တံခါးတစ်ချပ် ဖွင့်မှာကိုလည်း မျှော်လင့်နေကြောင်း ရေးသားလိုက်တာဟာ ပရိသတ်တွေကြား ထင်ကြေးတွေ ပိုခိုင်မာသွားစေပါတယ်။

ဘီဘာရဲ့ မိခင်ကလည်း အချစ်၊ အချစ်၊ အချစ်၊ အချစ် ဆိုတဲ့ စာသားတွေ ရေးသားဖော်ပြထားပြီး နောက်ထပ် ရှင်းလင်းရေးသားတာ မရှိပါ။

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဘီဘာရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာက စိတ်ဝင်စားစရာ  ဖြစ်နေတာပါ။

အဆိုတော်၊ ရုပ်ရှင်မင်းသမီး ဆီလီနာဂိုမက်ဇ်နဲ့လည်း တွဲလိုက်၊ ပြတ်စဲလိုက်နဲ့ ၂၀၁၇ အောက်တိုဘာမှာ ပြန်တွဲနေပြီ သတင်းတွေကြောင့် သူတို့နှစ်ဦးပဲ ရေရှည်လက်တွဲဖြစ်မယ်လို့ ထင်ကြေးတွေ ရှိခဲ့ပေမယ့် ခုလို ဘတ်ဝင်းနဲ့ စေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly