ဆေးကုသစရိတ် ၄၀ ရာခိုင်နူန်းသက်သာမည့် အိန္ဒိယဆေးရုံ Sri Ramakrishna ရုံးခွဲ စတင်ဖွင့်လှစ်

ဆေးကုသစရိတ် ၄၀ ရာခိုင်နူန်းသက်သာမည့် အိန္ဒိယဆေးရုံ Sri Ramakrishna ရုံးခွဲ စတင်ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ရ ။              ။ မြန်မာနိုင်ငံတွင် ဆေးကုသစရိတ် ၄၀ ရာခိုင်နူန်းသက်သာမည့် အိန္ဒိယဆေးရုံ Sri Ramakrishna ရုံးခွဲကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ရရက်နေ့က ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်၌ ၄င်းဆေးရုံ၏ မြန်မာနိုင်ငံရုံးခွဲ ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

Sri Ramakrishna ဆေးရုံသည် နှလုံးရောဂါ၊ ဆီးချိုရောဂါအပြင် ကျောက်ကပ်ရောဂါနှင့် အခြားရောဂါများကိုပါ အဓိကကုသပေးနေပြီးငွေကြေးအခက်အခဲရှိသူများကုသလိုလျှင် ၄၀ ရာခိုင်နူန်းခန့်သက်သာမည့် ငွေကြေးအထောက်အပံ့နှင့်အလှူငွေများကိုလည်း ရန်ကုန်မြို့ ယုဇနတာဝါ ၉ လွှာတွင်ရှိသောရုံးမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"4R Consultancy ဆိုတာက ဒီမှာရုံးချုပ်ရှိနေတယ်။ ယုဇနတာဝါမှာရုံးရှိတယ်။ အဲဒီရုံးက တခြားပရဟိတလည်းလုပ်သလို သူတို့လုပ်ငန်းတွေလည်းလုပ်တယ်။ Ramakrishna ဆိုတဲ့ အိန္ဒိယမှာရှိတဲ့ဆေးရုံနဲ့ချိတ်ဆက်ပြီးတော့ ကြာလှပြီ သူတို့အစ်မကိုလည်းအမြဲပြောတယ်။ ကျောက်ကပ်နဲ့ပတ်သက်ပြီးတော့ဆီးချိုနဲ့ပတ်သက်ပြီးတော့ ဒီမှာအရင်ဆွေးနွေးတိုင်ပင်တယ်။ တိုင်ပင်ပြီးခဲ့အခါကျရင် ကုသရေးအတွက်အိန္ဒိယကိုပို့တဲ့အခါမှာ တာဝန်ယူပြီး စနစ်တကျ ကုသ ပေးတယ်။ အဲဒီအခါကျလို့ရှိရင် အရမ်းငွေရေးကြေးရေးလိုအပ်နေတဲ့သူတွေအတွက်ဆိုရင် ၄၀ ရာခိုင်နှုန်း လောက်သက်သာအောင် funding တွေရှာပြီး donation တွေရှာပြီး ကုသပေးနေတာ ပေါ့နော်" ဟု ဟိန္ဒြူအမျိုးသမီးများကွန်ယက်မှ ဒေါ်ကတ်သလင်းသိန်း က ပြောသည်။

အိန္ဒိယတွင်ရှိသော Ramakrishnaဆေးရုံသည် ဆေးကုသစရိတ်၌ အခြားဆေးရုံများထက် ၃၀ ရာခိုင်နူန်းခန့် သက်သာကြောင်း Sri Ramakrishna ဆေးရုံ၏ စီအီးအို Mr.Sri Ramakrishna က ပြောသည်။

"ကျွန်တော်တို့ ဆေးရုံရဲ့ ကုန်ကျစရိတ်ကတော့ အိန္ဒိယမှာရှိတဲ့ ဘယ်ဆေးရုံဆေးရုံတွေနဲ့မဆို နှိုင်းယှဉ်ရင် ၃၀ ရာခိုင်နှုန်း သက်သာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက လူတွေကို ကျွန်တော် တို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးချင်ပါတယ်" ဟု စီအီးအို Mr.Sri Ramakrishna က ပြောပြသည်။

Coronary Artery Fibre အစားထိုးကုသရန်အတွက် အိန္ဒိယနိုင်ငံတွင် ကုသစရိတ် အမေရိကန် ဒေါ်လာ ရ၀၀၀ မှ ၈၀၀၀ အထိကျသင့်နိုင်ပြီး Sri Ramakrishna ဆေးရုံတွင် ဒေါ်လာ ၅၀၀၀ ကုန်ကျမည်ဖြစ်သည်။

အိန္ဒိယဆေးရုံများတွင် အသည်းအစားထိုးခွဲစိတ်ရန် အမေရိကန်ဒေါ်လာ ၁၄၀၀၀ မှ ၁၅၀၀၀ ခန့် ကုန်ကျမမည်ဖြစ်ပြီး ၄င်းတို့ Sri Ramakrishna တွင် ဒေါ်လာ ၉၀၀၀ မှ ၁၀၀၀၀ ခန့်သာ ကုန်ကျမည် ဖြစ်သည်ဟု Mr.Sri Ramakrishna က ရှင်းပြသည်။

Sri Ramakrishna ဆေးရုံ ကို ၁၉၇၅ ခုနှစ်တွင် ကုတင် ၃၀ ဆံ့ဆေးရုံအဖြစ် စတင်တည်ထောင်ခဲ့ပြီး ယနေ့ခေတ်တွင် ကုတင် ရ၅၀ ဆံ့ ဆေးရုံအဖြစ် ရှိနေပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly