သွေးစစ်ပြွန် တစ်သိန်းနှင့် တစ်ခါသုံး ဆေးထိုးအပ် သုံးသောင်း ရန်ကုန်ရှိ အဓိကဆေးရုံကြီး ၆ ရုံသို့ လှူဒါန်း

သွေးစစ်ပြွန် တစ်သိန်းနှင့် တစ်ခါသုံး ဆေးထိုးအပ် သုံးသောင်း ရန်ကုန်ရှိ အဓိကဆေးရုံကြီး ၆ ရုံသို့ လှူဒါန်း

 

ရန်ကုန်၊ ဇူလိုင်လ ရ ။            ။ မကာအို- မြန်မာချစ် ကြည်ရေးအသင်းမှ ရန်ကုန်အတွင်းရှိ အဓိကဆေးရုံကြီး ၆ ရုံသို့ သွေးစစ်ပြွန် အရေအ တွက် ၁ သိန်းနှင့် တစ်ခါသုံး ဆေးထိုးအပ် ၃ သောင်းအား ယနေ့ ဇူလိုင်လ ရ ရက်နေ့တွင် လှူဒါန်းခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လေ့ကျင့်ရေးစင်တာခန်းမတွင် အခမ်းအနားဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆေးရုံကြီး ၆ ရုံမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့သည်။

သွေးစစ်ပြွန် အရေအတွက် ၁ သိန်းနှင့် တစ်ခါသုံး ဆေးထိုးအပ် ၃ သောင်းမှာ ကျပ်ငွေ သိန်းပေါင်း ၂၃ဝ နှင့် ၂၅ဝ ကြားတန်ဖိုးရှိကြောင်း သိရသည်။

“ တကယ်တမ်းကျတော့ အပြင်လောကမှာဆိုရင် ဒီပစ္စည်းတွေက ပိုက်ဆံတတ်နိုင်တဲ့သူဆိုရင် ဒါတွေက ပေါပေါလေးပဲ။ အစိုးရက ထောက်ပံ့တဲ့ ပြည်သူ့ဆေးရုံတွေကတော့ သူက ခွဲတမ်းနဲ့ တစ်နှစ်၊ တစ်နှစ် ဘတ်ဂျက် နဲ့ ပေးရတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒီတစ်ခါလည်း ဒီပစ္စည်းတွေ လိုအပ်၊ မလိုအပ်မေးမြန်းတဲ့အခါမှာ သူတို့က ဒီပစ္စည်းတွေ ဆေးရုံမှာ တစ်ကယ်ကို လိုအပ်ပါတယ်လို့ ပြောတဲ့အတွက် လှူဒါန်းဖြစ်တာပါ”ဟု မကာအို- မြန်မာချစ် ကြည်ရေးအသင်းမှ ဥက္ကဋ္ဌ ပန်းတနော် ဦးမောင်ရှင်းက ပြောသည်။

သွေးစစ်ပြွန်နှင့် တစ်ခါသုံးဆေးထိုးအပ်များ လှူဒါန်းခဲ့သည့် ရန်ကုန်အတွင်းရှိ အဓိက ဆေးရုံကြီး ၆ ရုံမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ အင်း စိန်ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီးနှင့်  အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့ ဖြစ်ကြောင်း သိရသည်။

“ ဒီသွေးစစ်ပြွန်တွေ သုံးခြင်းအားဖြင့် ဓာတ်ခွဲတဲ့ သွေးအဖြေတွေဟာမှန်ကန်ပြီးတော့ ရောဂါကုသတဲ့နေရာမှာ အရမ်းအသုံးတည့်မှာဖြစ်ပါတယ်။ လူနာတစ်ယောက်ကို ရောဂါကုသတဲ့နေရာမှာ ဓာတ်ခွဲတဲ့သွေးအဖြေတွေ စမ်းသပ်စစ်ဆေးချက်တွေက အင်မတန်မှ အရေးကြီးပါတယ်။ဒီဓာတ်ခွဲအဖြေကတစ်ဆင့် ကျွန်မတို့က ဘာ ရောဂါဖြစ်တယ်။ ဒီရောဂါ ကောင်းလာလား။ ပိုဆိုးသွားလားဆိုတာကို စစ်ဆေးတာ သမားတော်တွေအတွက် အလွန်ပဲ အရေးကြီးတဲ့ ဓာတ်ခွဲစစ်ဆေးမှုပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လှူဒါန်းပေးတဲ့ သွေးစစ်ပြွန်တွေ၊ အပ် တွေက လူနာတွေအတွက် တစ်ခါသုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရောဂါကူးစက်မှု နှုန်းတို့၊ သွေးအဖြေ ကွာ လတီတို့ အများကြီးကောင်းလာမှာဖြစ်ပါတယ် ”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက် တာမြင့်မြင့်အေးက ပြောသည်။

ကုတင် ၂,ဝဝဝ ဆံ့ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့် အဆိုပါ သွေးစစ်ပြွန်အား အသုံးပြုလာခဲ့သည်မှာ ၁ဝ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းထားသည့် သွေးစစ်ပြွန်နှင့် ဆေးထိုးအပ်များမှာ လူနာဦးရေပိုများသည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ အများဆုံးရရှိမည်ဖြစ်ပြီး ကျန်ရှိသည့် ဆေးရုံကြီးများကိုလည်း ကုတင်အရေ အတွက်အလိုက် ခွဲဝေပေးသွား မည်ဖြစ်ကြောင်းသိရသည်။

မကာအို- မြန်မာချစ်ကြည်ရေးအသင်းသည် ယခုကဲ့သို့ သွေးစစ်ပြွန်နှင့် ဆေးထိုးအပ်များလှူဒါန်းခဲ့သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် အတွင်းကလည်း ယခုပမာဏအတိုင်း အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ပထမအကြိမ် လှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly