ထိုင်း ဖူးခက်ကျွန်းအနီး သင်္ဘောတိမ်းမှောက်ပြီး တရုတ်ခရီးသွား ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

ထိုင်း ဖူးခက်ကျွန်းအနီး သင်္ဘောတိမ်းမှောက်ပြီး တရုတ်ခရီးသွား ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

ဇူလိုင် ၆ ။                   ။ ထိုင်း နာမည်ကျော် အပန်းဖြေခရီးသွားကျွန်း ဖူးခက်အနီး ပင်လယ်ပြင်မှာ ယမန်နေ့က သင်္ဘောတစ်စင်း လေပြင်းမုန်တိုင်းမိကာ တိမ်းမှောက်နစ်မြုပ်သွားခဲ့လို့ တရုတ်ခရီးသွား ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မှာ အမျိုးသားတစ်ဦး သေဆုံးပြီး လူပေါင်းဒါဇင်နဲ့ချီတို့ကတော့ ပင်လယ်ရေအောက်မှာ နစ်မြုပ်သွားတဲ့ သင်္ဘောအတွင်းမှာ ပိတ်မိနေပြီလို့ ယူဆရကြောင်း ဖူးခက် အုပ်ချုပ်ရေးမှူးက  ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။

အဆိုပါ သင်္ဘောဟာ ယမန်နှစ်က ပင်လယ်ပြင်တွင်း လေပြင်းမိပြီးနောက် တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်ကာ ယခုအချိန်ထိ လူပေါင်း ၅၆ ယောက်ကတော့ ပျောက်ဆုံးနေလျက်ရှိပါတယ်။

" ပျောက်ဆုံးနေသူတွေကတော့ သင်္ဘောအတွင်းပိုင်းမှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်၊ ခုထက်ထိတော့ ရေထဲမှာ မျောနေတဲ့ လူတွေ မရှိသေးဘူးလို့ ကြားရပါတယ်၊ တစ်ချို့တစ်ဝက်တော့ အသက်ရှင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်" ဆိုပြီး ဖူးခက်အုပ်ချုပ်ရေးမှူး Noraphat Plodthing က ပြောပါတယ်။

လက်ရှိ ဇူလိုင် ၆ ရက်မှာလည်း ရေငုပ်သမားတွေဟာ ယင်းရေယာဉ်ရှိရာ သွားရောက်ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကြိုးပမ်းနေကြလျက်ရှိပါတယ်။

ယင်းသင်္ဘောကတော့ နာမည်ကျော် Koh Racha ကျွန်းကနေ ဖူးခက်ကို ပြန်အလာမှာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၁၀၅ ဦး တင်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။ အများစုကတော့ တရုတ်ခရီးသွားတွေ ဖြစ်ကြပါတယ်။

ယခုအချိန်ထိတော့ အလောင်းတစ်လောင်း ဆယ်ယူရရှိထားပေမယ့် လူပေါင်း ၅၆ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ကာ ကျန်ခရီးသည်တွေကိုတော့ ကယ်တင်ပေးထားနိုင်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly