မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ခြစားမှုဖြင့် ဖမ်းဆီးလိုက်ပြီ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ခြစားမှုဖြင့် ဖမ်းဆီးလိုက်ပြီ

ဇူလိုင် ၃ ။           ။ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ခ်ကိုတော့ ယခုအခါ အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ယခုအခါမှာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ကို ဖမ်းဆီးထားလိုက်ပြီ ဖြစ်ပြီး မနက်ဖြန်မှာ စွဲချက်တင်ကောင်း တင်နိုင်တယ်ဆိုပြီး ၎င်းမိသားစုရဲ့ ရှေ့နေဖြစ်သူက ဇူလိုင် ၃ ရက်မှာ ပြောပါတယ်။

နာဂျစ်ကိုတော့ ၎င်းရဲ့ နေအိမ်မှာပဲ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း မလေးရှားပြည်တွင်းသတင်းဌာန Malaysian Insight  ကဖော်ပြပါတယ်။

မလေးရှားခေါင်းဆောင်ဟောင်း နာဂျစ်ကိုတော့ သူ့လက်ထက်မှာ တည်ထောင်ခဲ့တဲ့ နိုင်ငံပိုင်ရန်ပုံငွေ 1MDB ဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူခဲ့မှု စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးနေလျက်ရှိတာဖြစ်ပါတယ်။

ယင်းစွဲချက်နဲ့ စပ်လျင်းလို့ နာဂျစ်ဘက်ကတော့ သူ့အနေနဲ့ တစ်စုံတစ်ရာ အမှားမလုပ်ထားဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly