ဝီလျံအတွက် ပေါင်သန်း ၅၀ ဖြင့် ဘာစီလိုနာ၏ကမ်းလှမ်းမှုကို ချယ်လ်ဆီးပယ်ချ

ဝီလျံအတွက် ပေါင်သန်း ၅၀ ဖြင့် ဘာစီလိုနာ၏ကမ်းလှမ်းမှုကို ချယ်လ်ဆီးပယ်ချ

 

ဇွန် ၃၀၊ လန်ဒန်။                  ။ ချယ်လ်ဆီးအသင်းသည် မန်ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေသည့် ဘရာဇီးကွင်းလယ်လူ ဝီလျံကို ဘာစီလိုနာက ပေါင်သန်း ၅၀ ဖြင့်ကမ်းလှမ်းလာမှုကို ပယ်ချလိုက်သည်။

လာလီဂါချန်ပီယံဘာစီလိုနာသည် အသင်းမှထွက်ခွာသွားသည့် အင်နီယေစတာ၏နေရာတွင် အသက် ၂၉ နှစ်အရွယ် ကစားသမားဖြင့် အစားထိုးချင်နေခြင်းဖြစ်သည်။

ဝီလျံအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေသည့် ဘရာဇီးအသင်းဖော် ကော်တင်ဟိုနှင့် တွဲကစားရဖွယ်ရှိသည်။ ချယ်လ်ဆီး အသင်းက ပယ်ချထားသော်လည်း ဘာစီလိုနာက ထပ်မံကြိုးစားလာဖွယ်ရှိပြီး မန်ယူနိုက်တက်ကလည်း စိတ်ဝင်စားသည်ဟု ပြောဆိုထားသည်။

ချယ်လ်ဆီးအသင်းက ရောင်းချချင်စိတ်မရှိသော်လည်း ဝီလျံ၏အေးဂျင့်များသည် ဘာစီလိုနာနှင့် ဆွေးနွေးခဲ့ဖွယ်ရှိသည်။ ဝီလျံ သည် ၂၀၁၃ တွင် ရုရှကလပ် အန်ဇီအသင်းမှ ပေါင် ၃၅ ဒသမ ၅ သန်းဖြင့် ချယ်လ်ဆီးသို့ ရောက်လာခဲ့သူဖြစ်သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ရောင်းချရန်ဆုံးဖြတ်ခဲ့ပါက ငွေကြေးမြတ်စွန်းမည်ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူနိုက်တက် ထက် ဘာစီလိုနာထံ ရောင်းရန် ပိုပြီးဖြစ်နိုင်ချေရှိသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly