ဂျကာတာအနီး မလေးရှားနှင့် အင်ဒိုနီးရှား ခေါင်းဆောင်များ ဆွေးနွေး

ဂျကာတာအနီး မလေးရှားနှင့် အင်ဒိုနီးရှား ခေါင်းဆောင်များ ဆွေးနွေး

ဂျကာတာ၊ ဇွန် ၂၉ ။       ။ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် အင်ဒိုနီးရှား သမ္မတက မလေးရှား ဝန်ကြီးချုပ်နှင့် ဇွန် ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြို့တော် ဂျကာတာမှ ကီလိုမီတာ ၆၀ အကွာရှိ ဘိုဂေါနန်းတော်တွင် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ်အား အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဧည့်ခံကြိုဆိုခဲ့ကြောင်း နိုင်ငံပိုင် Antara သတင်းဌာနက ဖော်ပြသည်။

အာဆီယံ စျေးကွက်အတွက် မလေးရှား-အင်ဒိုနီးရှား ဖက်စပ်ကားထုတ်လုပ်ရေး အဆိုပြုထားချက်နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေများကို ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း Bernama သတင်းအရ သိရသည်။

နှစ်နိုင်ငံ ပူးတွဲ ကားထုတ်လုပ်ရေး စိတ်ကူးသည် ၂၀၁၅ ခုနှစ်က မလေးရှားနိုင်ငံတွင် မလေးရှားဝန်ကြီးချုပ်က ဘေးတွင် ဝီဒိုဒို လိုက်ပါ ထိုင်လျက် Proton ကားတစ်စီးအား စမ်းသပ်မောင်းနှင်ကြစဉ် ပြောဆိုခဲ့ကြသည့် စိတ်ကူးတစ်ရပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရကာ ရာထူးတက်လာခဲ့သည့် မလေးရှား ဝန်ကြီးချုပ်သည် အင်ဒိုနီးရှားနိုင်ငံသို့ ဇွန် ၂၈ ရက်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags