မြန်မာသတင်းစာဆရာနှစ်ဦး ဥရောပသို့ စရိတ်ငြိမ်းသွားရမည့် အခွင့်အရေး

မြန်မာသတင်းစာဆရာနှစ်ဦး ဥရောပသို့ စရိတ်ငြိမ်းသွားရမည့် အခွင့်အရေး

စက်တင်ဘာ ၂ ။           ။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ လေးရက်ကြာကျင်းပမည့် ဆွေးနွေးပွဲသို့ စရိတ်ငြိမ်း တက်ရောက် နိုင်ရန် ၂၀၁၅ ခု သတင်းစာဆရာပြိုင်ပွဲ ကျင်းပမည်ဟု သိရသည်။

အာရှနိုင်ငံများမှ သတင်းစာဆရာများနှင့် ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံနိုင်မည့် နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက်ထိ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ သတင်းစာဆရာနှစ်ဦးကိုရွေးချယ်မည် ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။

ဥရောပသမဂ္ဂနှင့်ပတ်သက်၍ ပိုမိုနားလည်ပြီး၊ မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအကြား ဆက်ဆံရေး အဓိကအချက်များ၊ ပြည်တွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ကိစ္စများ ဆွေးနွေးကြမည်ဖြစ်သည်။

လျှောက်ထားသူသည် နိုင်ငံတကာဆက်ဆံရေးနှင့် ဥရောပသမဂ္ဂအကြောင်း စိတ်ဝင်စားရမည်ဖြစ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ၊ အင်္ဂလိပ်စာကျွမ်းကျင်ရမည်ဖြစ်သည်။

ကိုယ်ရေးမှတ်တမ်းနှင့်အတူ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံ ဆက်ဆံရေး၊ ဥရောပသမဂ္ဂ အကြောင်းများကို စာတစ်စောင် ရေးသား၍ ၂၀၁၅ ခု၊ စက်တင်ဘာ ၁၁ တွင် [email protected] သို့ ပေးပို့ရမည်ဖြစ်သည်။

Ref; Myanma Alinn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly