ဘရာဇီးနှင့်ရင်ဆိုင်ရမည်ဆိုလျှင်ပင် ဘယ်လ်ဂျီယံကိုအနိုင်ကစားမည်ဟု ဆောက်ဂိတ်ကြံုးဝါး

ဘရာဇီးနှင့်ရင်ဆိုင်ရမည်ဆိုလျှင်ပင် ဘယ်လ်ဂျီယံကိုအနိုင်ကစားမည်ဟု ဆောက်ဂိတ်ကြံုးဝါး

 

ဇွန် ၂၆၊ ရုရှ။            ။ အကယ်၍ ကွာတားဖိုင်နယ်တွင် ဘရာဇီးအသင်းနှင့် တွေ့နိုင်ချေ ရှိသည်ဆိုလျှင်ပင် ဘယ်လ်ဂျီယံကို အနိုင်ကစားသွားမည်ဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ကြံုးဝါးလိုက်သည်။

အုပ်စု G မှ နောက်တစ်ဆင့်တက်ပြီးဖြစ်သော အင်္ဂလန်နှင့် ဘယ်လ်ဂျီယံတို့မှာ အုပ်စုဗိုလ်အဆုံးအဖြတ်အတွက် ကြာသပတေးညတွင် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်ပြီး အုပ်စုဒုတိယရလျှင် နောက်အဆင့်လမ်းကြောင်းချောင်နိုင်ဖွယ်ရှိနေသည်။

ဆောက်ဂိတ်က “ကျွန်တော်တို့နိုင်ငံမှာ တွေးခေါ်ကြပုံတွေက ခက်တယ်။ ပြိုင်သမျှပွဲတိုင်းကို နိုင်စေချင်ကြတယ်။ ပွဲကစားတဲ့အခါ အနိုင်ရဖို့နဲ့ ကစားပုံကောင်းဖို့မလိုဘဲ ဗျူဟာမြောက်အောင် ဘယ်လိုပြင်ဆင်ရမလဲ မသိဘူး။

ကျွန်တော်တို့ အုပ်စုဗိုလ်ဖြစ်ခဲ့ရင် အန္တရာယ်ရှိလာနိုင်တယ်။ ပြီးခဲ့တဲ့ ယူရိုတုန်းကလို နောက်ဆုံးပွဲမှာ အပြောင်းအလဲတွေ အများကြီးလုပ်လိုက်ရင်လည်း ရှုံးထွက်အဆင့်ကျတော့ ကစားပုံပျက်သွားတာမျိုးနဲ့ ကြံုရနိုင်ပြန်ရော။

ဒါကြောင့် အသင်းကိုအပြောင်းအလဲသိပ်မလုပ်ဘဲ အရှိန်နဲ့ ကစားပုံကို ဆက်ထိန်းနိုင်ဖို့ပဲ ပြင်ဆင်ရမှာပဲ။ အဲဒါကလည်း အရေးပါတဲ့အရာတစ်ခုလို့ ကျွန်တော်ထင်တယ်လေ”ဟု ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly