အီးယူက အရေးယူလိုက်သည့် မြန်မာစစ်ဘက်အရာရှိများကို မိမိတို့လည်း အရေးယူပိတ်ဆို့ကြောင်း ကနေဒါ ထုတ်ပြန်ကြေညာ

အီးယူက အရေးယူလိုက်သည့် မြန်မာစစ်ဘက်အရာရှိများကို မိမိတို့လည်း အရေးယူပိတ်ဆို့ကြောင်း ကနေဒါ ထုတ်ပြန်ကြေညာ

ဇွန် ၂၆ ။           ။ ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာ စစ်ဘက်အရာရှိကြီး ခုနစ်ဦးအား ဥရောပသမဂ္ဂနှင့်အတူ ပူးပေါင်း၍ မိမိတို့ဘက်ကလည်း ဒဏ်ခတ်အရေးယူပိတ်ဆို့လိုက်ကြောင်း ကနေဒါနိုင်ငံကလည်း ထုတ်ပြန်ကြေညာသွားသည်။

အဆိုပါ စစ်ဘက်အရာရှိကြီးများအား စီးပွားရေးအရ အရေးယူပိတ်ဆို့သည့် ကြေညာချက်တစ်စောင်ကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က ဇွန်လ ၂၅ ရက်တွင် ကြေညာသွားခြင်း ဖြစ်သည်။

ကနေဒါဘက်က ချမှတ်လိုက်သည့် အရေးယူပိတ်ဆို့မှုများအောက်တွင် မြန်မာစစ်ဘက်အရာရှိကြီး  ခုနစ်ဦး၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ခြင်း အပါအဝင် ကနေဒါနိုင်ငံသားများကိုလည်း ၎င်းအရာရှိကြီးများနှင့်အတူ စီးပွားရေးလုပ်ကိုင်ခွင့် တားမြစ်လိုက်ခြင်း တို့ ပါ၀င်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly