ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး တန်နှင့်ချီကာ မီးရှို့ဖျက်ဆီး

ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး တန်နှင့်ချီကာ မီးရှို့ဖျက်ဆီး

ဘန်ကောက်၊ ဇွန် ၂၅ ။       ။ ဇွန် ၂၆ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ကုန်ကူးမှု တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် ထိုင်းနို်င်ငံ အာဏာပိုင်များက ဖမ်းဆီးရမိ မူးယစ်ဆေးဝါး တန်နှင့်ချီကာ ဇွန် ၂၅ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

မက်သာဖီတာမင်း၊ ဟီရိုအင်း၊ ဘိန်း၊ စိတ်ကြွဆေးပြား၊ ကိုကင်းနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအပါအဝင် တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၃ ဒဿမ ရ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁၅ ဒဿမ ၅ သန်း) ရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးခြင်း ဖြစ်သည်။

ထိုမူးယစ်ဆေးဝါးများကို ဘန်ကောက်မြောက်ပိုင်း နွန်သာဘူရီရှိ အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲမှု FDA ကုန်လှောင်ရုံမှ အယုဒ္ဓယပြည်နယ် ဘန်ပါအင် စက်မှုဇုန်သို့ ယနေ့ နံနက်အစောပိုင်းတွင် ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။

ထိုမူးယစ်ဆေးဝါးများကို လက်နက်ကိုင်နှင့် မျက်နှာဖုံးစွပ်ထားကြသော တာဝန်ရှိသူများက စီစီတီဗီ စောင့်ကြည့်မှုအောက်တွင် မီးအပူချိန် ၈၅၀ ဒီဂရီဆဲလ်စီးရပ်စ်ဖြင့် မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးရာ အခမ်းအနားသို့ တာဝန်ရှိသူများ၊ ရဲနှင့် စစ်သားများအပြင် FDA တာဝန်ရှိသူများပါ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly