ဂျာရတ်၏ ကျောနံပါတ် ၈ ကို ကီတာ ဝတ်ဆင်ဖွယ်ရှိ

ဂျာရတ်၏ ကျောနံပါတ် ၈ ကို ကီတာ ဝတ်ဆင်ဖွယ်ရှိ

 

ဇွန် ၂၅၊ လီဗာပူးလ်။              ။ ယမန်နှစ်နွေရာသီကတည်းက လိုက်ဇစ်နှင့်ကြိုတင်သဘောတူညီမှုရထားသည့် နာဘီ ကီတာသည် လာမည့်တစ်ပတ်တွင် လီဗာပူးလ်ကစားသမားအဖြစ် တရားဝင်မိတ်ဆက်ပွဲပြုလုပ်မည်ဖြစ်ပြီး အထူးဂျာစီနံပါတ်ကိုလည်း လက်ခံဖွယ်ရှိသည်။

ခြေစွမ်းနှင့် တာဝန်များအပေါ်များစွာ မျှော်လင့်ခံထားရသည့် ဂီနီကွင်းလယ်ကစားသမားအနေဖြင့် ကျောနံပါတ်ရွေးချယ်ရာတွင် နောက်ထပ် ဖိအားတစ်ခုကို ရွေးချယ်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

ကီတာသည် ဘွန်ဒက်စ်လီဂါတွင် ဝတ်ဆင်ခဲ့သော ၎င်း၏စိတ်ကြိုက်ကျောနံပါတ် ၈ ကို ရယူရန်ရှိနေပြီး ယင်းမှာ အန်ဖီးလ်တွင်မူ တစ်ဦးတည်းနှင့် သက်ဆိုင်သည့် နံပါတ်ကဲ့သို့ ဖြစ်နေသည်။

ယင်းနံပါတ် ၈ မှာ အသင်း၏ဂန္ထဝင်ကစားသမား စတီဗင် ဂျရတ် ထွက်ခွာသွားပြီးနောက် ၂၀၁၅ ကတည်းက ဝတ်ဆင်သူမရှိ ဖြစ်နေသည်။

ကီတာအနေဖြင့် ဂျာရတ်ကဲ့သို့ စွမ်းအားနှင့် ကွင်းလယ်ဗဟိုမှနေကာ ဦးဆောင်မောင်းနှင့်နိုင်သည့်ခြေစွမ်းမျိုးကို အပတ်စဉ် ပြသနိုင်ပါကမူ ပရိသတ်များက နံပါတ် ၈ ဂျာစီဖြင့် မြင်ချင်ကြမည်ဖြစ်သည်။

NK8 အမှတ်တံဆိပ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်ထားသည့် ကီတာသည် ယမန်နှစ်က လီဗာပူးလ်အသင်းနှင့် သဘောတူခဲ့ရာ၌ မာဆေးဆိုဒ်တွင် လစ်လပ်နေသည့် ကျောနံပါတ် ၈ ကို ဝတ်ဆင်ခွင့်ရရေးလည်း ပါဝင်သည်။

ကီတာ၏ လီဗာပူးလ်အပြောင်းအရွှေ့မှာ ဇူလိုင် ၁ တွင် တရားဝင်ဖြစ်လာမည်ဖြစ်ပြီး ကျော်ကြားလှသည့် ဝတ်စုံအနီကို ပထမဆုံးဝတ်ဆင်ပြီး မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly