မြန်မာနှင့် ခြေစမ်းမည့် နယူးဇီလန်အသင်းကို် ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ် ဦးဆောင်မည်

မြန်မာနှင့် ခြေစမ်းမည့် နယူးဇီလန်အသင်းကို် ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ် ဦးဆောင်မည်
နယူးဇီလန်အသင်းကို ဦးဆောင်လာမည့် ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်။

မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲအဖြစ် မြန်မာ့လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားမည့် နယူးဇီလန်အသင်းကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အသင်းမှ နောက်ခံလူ ဝင်စတန်ရိဒ်က အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်မည် ဖြစ်သည်။

ဝင်စတန်ရိဒ်သည် ဝက်စ်ဟမ်းနှင့်အတူ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၂၅ ပွဲကစား (၆)ဂိုး သွင်းယူထားကာ ယခင်က ဒိန်းမတ်နိုင်ငံသားအဖြစ် ဒိန်းမတ် ယူ ၁၉၊ ယူ ၂၀၊ ယူ၂၁ အသင်းများတွင် ပါဝင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် နယူးဇီလန် နိုင်ငံသားအဖြစ် ၂၀၁၀ ဖီဖာကမ္ဘာ့ဖလား (တောင်အာဖရိက) မှစတင်ကာ နယူးဇီလန် လက်ရွေးစင် အသင်းတွင် ကစားနေသော ကစားသမား တစ်ဦးဖြစ်သည်။

နယူးဇီလန်အသင်းသည် မြန်မာအသင်းနှင့် ခြေစမ်းပွဲအတွက် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်  လူငယ်ကစားသမား ခြောက်ဦးကို ရွေးချယ်လာပြီး အင်္ဂလန်၊ ဂရိ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ အမေရိကန် ၊ သြစတြေးလျ၊ တောင်အာဖရိက အခြေစိုက် ကစားသမားများ ပါဝင်လာခဲ့သည်။

ထို့ပြင် နယူးဇီလန် နည်းပြ ဟဒ်ဆန်မှာ ဘာရိန်းယူ-၂၃ အသင်း နည်းပြအဖြစ် ၂၀၁၃ ပင်လယ်ကွေ့နိုင်ငံများ ဖလား (ယူ၂၃) ချန်ပီယံဆုကို ဘာရိန်း ဘောလုံးသမိုင်း တစ်လျှောက် ပထမဆုံး ရွှေတံဆိပ် အဖြစ် ရယူပေးနိုင်ခဲ့ပြီး ဘာရိန်း လက်ရွေးစင် အသင်းကြီး နည်းပြအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ကာ အာရှဖလား ၂၀၁၅ ခြေစစ်ပွဲ အောင်မြင်စေခဲ့သည်။

ယင်းနောက် ၂၀၁၄ ခုနှစ်တွင် နယူးဇီလန် လက်ရွေးစင်အသင်းကို ကိုင်တွယ်နေပြီး တာဝန်ယူချိန်မှ စ၍ လက်ရှိ အချိန်ထိ နိုင်ငံတကာပွဲ ၆ ပွဲတွင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံး ရလဒ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းမှ ခြောက်ဦး၊ ၂၀၁၅ ဆီးဂိမ်း ငွေတံဆိပ်ဆုရ မြန်မာ ယူ-၂၃ အသင်းမှ ကစားသမား ကိုးဦးထိ ပြောင်းလဲ ပါဝင်လာခဲ့ပြီး စီနီယာကစားသမားများအဖြစ် ကျော်ကိုကို၊ ကြည်လင်း၊ ရန်အောင်ကျော်၊ ရန်အောင်လင်း၊ ဒေးဗစ်ထန်း စသည့် ကစားသမားများနှင့် ပေါင်းစပ်ကာ အသစ်ပြန်လည် ဖွဲ့စည်းထားခဲ့သည်။

ယင်းခြေစမ်းပွဲကို စက်တင်ဘာ ၇ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်ပြီး ရိုးရိုးတန်း တစ်ထောင်နှင့် အထူးတန်း ငါးထောင် သတ်မှတ်ထားကာ အထူးတန်း လက်မှတ်ဝယ်ယူ သူများအားမြန်မာ အသင်း အင်္ကျ ီလက်ဆောင်ပေးခြင်း၊ အထူးတန်းအတွင်း ကားပါကင်တွင် ဖွင့်လှစ်ထားမည့် ပျော်စရာ ဂိမ်းစ်အစီအစဉ်များကို အနုပညာရှင်တွေနဲ့အတူ ပျော်ပျော်ပါးပါး ပါဝင်ကစားခွင့်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly